ရန်ကုန် ၁၅ ဖေဖော်ဝါရီ
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့ Pulses, People, Planet, Profit (P4) Project ၏ ကောင်းမွန်ခိုင်မာသောဈေးကွက် ဖော်ဆောင်နိုင်ရေးအတွက် GAP စနစ်ဖြင့် စိုက်ပျိုးထားသော ပဲတီစိမ်းများအား တောင်သူအစုအဖွဲ့နှင့် ကုန်သည်များ စုပေါင်းရောင်းချပွဲ ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၁၅ ရက် နံနက် ၉ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး P4 project ဂိုဒေါင်၌ ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (နည်းပညာ) ဦးသက်ဇင်မောင်၊ ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ဆွေ၊ သုံးခွမြို့နယ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေဝင်းနှင့် P4 project မှ တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ်(နည်းပညာ) ဦးသက်ဇင်မောင်၊ တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ဆွေ၊ လွှတ်တော်ကိုယ်စားလှယ် ဦးနေဝင်းတို့က အဖွင့်အမှာစကားများ ပြောကြားကြပြီး GAP စနစ်ဖြင့် စိုက်ပျိုးအောင်မြင်မှုများအား သက်ဆိုင်ရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ခန်းမအတွင်း ခရမ်းမြို့နယ် Pulses, People, Planet, Profit (P4) Project ၏ ကောင်းမွန်ခိုင်မာသော ဈေးကွက်ဖော်ဆောင်နိုင်ရေးအတွက် GAP စနစ်ဖြင့် စိုက်ပျိုးထားသော ပဲတီစိမ်းများ တောင်သူအစုအဖွဲ့နှင့် ကုန်သည်များ စုပေါင်းရောင်းချပွဲတွင် ပြထားရှိမှုများအား တက်ရောက်လာကြသူများက လှည့်လည်ကြည့်ရှုရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ရှင်းလင်းပြသခဲ့ကြကြောင်း သိရသည်။
သက်ခိုင် (သန်လျင်)