နေပြည်တော်  ၂၆   ဇွန် 

 

ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်၊ မြို့မစခန်းမှူး ဒုတိယရဲမှူး ဇော်မင်းဦးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကျန်းမားရေးဦးစီးဌာနမှ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၂၅ ရက် နံနက် ၁၁ နာရီခွဲခန့်က မြို့ပေါ်ရပ်ကွက်များအတွင်း အသံချဲ့ စက်ဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးတွက် သတိပြုလိုက်နာရမည့် အချက်များနှင့် ရပ်ကွက်နေ ပြည်သူများအား Mark တပ်ဆင်အသုံးပြု၍ သွားလာပါရန် လှည့်လည်ကြေညာခြင်းတို့အား ဆောင်ရွက်ခဲ့ကြောင်း ရဲပြန်ကြားမှ သိရသည်။

 

MDN