mdn

ခရမ်း ၁၆ အောက်တိုဘာ

 

ခရမ်းမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၌ နိုင်ငံရေးပါတီကိုယ်စားလှယ်များရှေ့တွင် ကြိုတင်မဲပုံးများ အလွတ်ဖြစ်ကြောင်း ပြသပြီး ချိတ်ပိတ်တပ်ဆင်ခြင်းကို နေ့ မွန်းလွဲ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗြဟ္မစိုရ်ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါအခမ်းအနားသို့ ခရမ်းမြို့နယ်အတွင်းမှ ပါဝင်ယှဉ်ပြိုင်ကြမည့် ပါတီ()ခုမှ ပါတီ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး ကြိုတင်မဲများနှင့် ပတ်သက်၍ ဆောင်ရွက်မည့် အခြေအနေ များကို  မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင် ဒေါက်တာစမြင့်သိန်းမှ ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။

 

ထို့နောက် တက်ရောက်လာသည့် ပါတီကိုယ်စားလှယ်များ၏ တင်ပြဆွေးနွေးမှုများကို မြို့နယ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင် ဒေါက်တာစမြင့်သိန်းနှင့် အတွင်းရေးမှူး ဒေါ်မေသဇင်စိုးမှ ကြိုတင်မဲများနှင့်ပတ်သက်၍ အဆင့်ဆင့် ဆောင်ရွက်မည့် လုပ်ငန်းများနှင့် အတည်ပြုမဲနှင့် ပယ်မဲ သတ်မှတ်ခြင်းများကို ရှင်းလင်းဆွေးနွေးပြီး တင်ပြမေးမြန်းမှုများကို ပြန်လည်ရှင်းလင်း ဆွေးနွေးပြောကြားခဲ့သည်။

 

ယင်းနောက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ ရောက်ရှိလာမည့် ကြိုတင်မဲများကို သက်ဆိုင်ရာမဲပုံးများအတွင်း ထည့်သွင်းပြီး လဲလှယ်ခြင်း၊ ပြောင်းလဲခြင်းများ မပြုလုပ်နိုင်ရန် မူလဆန္ဒပြုထားသည့်အတိုင်း ထည့်သွင်းသိမ်းဆည်းနိုင်ရေးအတွက် နိုင်ငံရေးပါတီကိုယ်စားလှယ် များရှေ့တွင် ဖွင့်လှစ်ပြသ၍ ကြိုတင်မဲပုံးများအား ချိတ်ပိတ်တပ်ဆင်ပြီး သက်ဆိုင်ရာ ပါတီကိုယ်စားလှယ်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များက မှတ်တမ်းတွင် အတည်ပြု လက်မှတ်ရေးထိုး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

ကိုမင်း(ခရမ်း)