ခရမ်း  ၂၄    အောက်တိုဘာ

 

ခရမ်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသည် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲတွင် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအဖြစ် တာဝန်ယူကြမည့် ဆရာ/ဆရာမများအား ရွေးကောက်ပွဲဆိုင်ရာ သင်တန်းဖွင့်လှစ်ပို့ချခြင်းကို ယနေ့နံနက်(၉)နာရီမှ အခြေခံပညာအထက်တန်းကျောင်း အထက(၁)တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရသည်။

 

အဆိုပါသင်တန်းအား ၄ရက်ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပြီး သင်တန်းချိန်မှာ နံနက်(၉)နာရီမှ ညနေ (၄)နာရီအထိ သင်ကြားပေးမည်ဖြစ်ပြီး မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင် တာဝန်ထမ်းဆောင်ကြမည့် ဆရာ၊ဆရာမများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း စုစုပေါင်း ၄၀၈ဦး နှင့်မဲရုံ အဖွဲ့ဝင် ၆၆ ဦး စုစုပေါင်း ၄၇၄ ဦး တက်ရောက်ကြကြောင်း သိရသည်။

 

သင်တန်းကို မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များမဲပေးပုံ အဆင့် ဆင့်၊ ဆန္ဒမဲ ရေတွက်မှု၊ ဆန္ဒမဲရလဒ်တွက်ချက်မှုများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းများ နှင့်အညီ လိုက်နာဆောင်ရွက်ရမည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ လမ်းညွှန်ချက်များအား မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များကအသီးသီး ဆွေးနွေးပို့ချပေးကြကြောင်း သိရှိရသည်။

 

ယင်းသို့ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့်မဲရုံအဖွဲ့ဝင်များအား သင်တန်းပို့ချဆောင်ရွက်ရာတွင် ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ အခန်း(၃)ခန်းခွဲကာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်းသင်တန်းနည်းပြများက  ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့် မဲရုံမှူး၊ ဒုမဲရုံမှူး လုပ်ငန်းလမ်းညွှန်ချက်များ တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ မဲပေးပုံအဆင့်ဆင့်၊ ဆန္ဒမဲ ရေတွက်မှု၊ ရလဒ်တွက်ချက်မှုများ၊ ထုပ်ပိုးပို့ဆောင်ပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီဆောင်ရွက်ထားရှိရမည့် လုပ်ငန်းများကို သင်တန်းပို့ချပေးသည် သာမကလက်တွေ့သရုပ်ပြလေ့ကျင့်ခြင်းကိုပါ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ကိုမင်း(ခရမ်း)

 

mdn