ခရမ်း အောက်တိုဘာ ၁၀

 

ရန်ကုန်တိုင်းဒေသကြီး၊‌ တောင်ပိုင်းခရိုင် ခရမ်းမြို့နယ်တွင်'' လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ''ဆောင်ပုဒ်ဖြင့် ပန်းခင်းစီမံချက် အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီက  ​လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူထုအခြေပြု ဗဟိုဌာန Community Center ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

 

ဆွေးနွေးပွဲတွင် အစဉ်အစဉ်တင်ဆက်သူအဖြစ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်နှင်းဝေမှ ဆောင်ရွက်ခဲ့ပြီး လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရမ်းမြို့နယ် ဦးစီးမှူး  ဦးမောင်မောင်သန်းမှ ပန်းခင်းစီမံချက်နှင့်ပတ်သက်၍ ဆောင်ရွက်ပေးနေမှုများကို ရှင်းလင်းပြောကြား ခဲ့ကြောင်း သိရသည်။

ကိုမင်း ( ခရမ်း )