၂၄ ဇန်နဝါရီ
ဆူဒန်တောင်ပိုင်း ခါတွန်မြို့တော်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ကလေးငယ်နှစ်ဦးထက်မနည်း သေဆုံးပြီး ၅၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဆူဒန်ရဲတပ်ဖွဲ့က ယမန်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ဂျာဘယ် အော်လီယာဒေသတွင် အင်္ဂါနေ့ညနေပိုင်းက ယင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့သဖြင့် ကလေးငယ်နှစ်ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ ၅၀ ဦးအနက် အချို့မှာ ပြင်းထန်စွာဒဏ်ရာ ရရှိခဲ့ကြောင်း ဆူဒန်ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဟာဆင်းအာဒယ် ရာအင်း က ယမန်နေ့ကြေညာချက်တွင် ဖော်ပြထားသည်။
အဆိုပါ ပေါက်ကွဲမှုဖြစ်ပွားရခြင်းသည် ဂျာဘယ် အော်လီယာ ဒေသရှိ မာရို ရပ်ကွက်တွင် မင်္ဂလာပွဲ ကျင်းပနေစဉ်အတွင်း လူတစ်ဦးက ပေါက်ကွဲစေတတ်သော ပစ္စည်းတစ်ခု ပစ်ချခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ၎င်းက ပြောကြားခဲ့သည်။
ထပ်မံစစ်ဆေးချက်အရ ၎င်းတရားခံကို ဖမ်းဆီးရမိခဲ့ပြီး တရားစွဲဆိုထားကြောင်း ၎င်းက ဆိုသည်။
ကိုးကား -ဆင်ဟွာ
ဘာသာပြန်- မြင့်မြင့်ချို