မန္တလေး ၁၁ ဒီဇင်ဘာ
မန္တလေးတိုင်းဒေသကြီးလွှတ်တော်နှင့် UNAIDS, 3MDG တို့ ပူးပေါင်းကျင်းပသည့်ခုခံအား ကျဆင်းမှုကူးစက်ရောဂါပိုး ရှိသူများနှင့် ဆက်နွှယ်ထိခိုက်ခံရသူများဆိုင်ရာ ဥပဒေ(မူကြမ်း)ရှင်းလင်း ဆွေးနွေးပွဲကို ဒီဇင်ဘာ၁၀ရက် နံနက် ၉ နာရီခွဲက မန္တလေးတိုင်းဒေသကြီး လွှတ်တော်ရုံးသဘင်ဆောင် ခန်းမတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ လွှတ်တော်ရုံးအရာထမ်း အမှုထမ်းများ၊ CSO များ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးတင်အောင်က နှုတ်ခွန်းဆက်စကားပြောကြားပြီး USAIDSအဖွဲ့မှ တာဝန်ရှိသူများက တစ်ဦးချင်း မိတ်ဆက်စကားပြောကြားကာအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြသည်။
ထို့နောက် UNAIDS နှင့် 3MDG အဖွဲ့များက ခုခံအားကျဆင်းမှုကူးစက်ရောဂါပိုးရှိသူများနှင့် ဆက်နွှယ်ထိခိုက်ခံရသူများဆိုင်ရာ ဥပဒေ(မူကြမ်း)အား ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသော လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းသော မေးခွန်းများအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။
မောင်ပြည်သူ(မန္တလေး)