၁၇  ဩဂုတ်

 

စတုတ်စီးတီးအသင်းဟာ ချယ်လ်ဆီးအသင်း ကွင်းလယ်ကစားသမားဟောင်း မီးခေးလ်ကို တစ်နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်ဖြင့် ခေါ်ယူဖို့ရှိနေတယ်လို့လည်း သိရပါတယ်။

 

အသက် ၃၃ နှစ်အရွယ်ရှိ နိုင်ဂျီးရီးယား အသင်းခေါင်းဆောင်ဟောင်း မီခေးလ်ဟာ ချယ်လ်ဆီး အသင်းနဲ့အတူ ၁၁ နှစ်ကြာ ဖြတ်သန်းခဲ့ရာမှာ ပရီမီယာလိဂ်ပွဲစဉ် ၂၄၉ ပွဲအထိ ပါဝင်ကစားပေးခဲ့တာ ဖြစ်ပြီး ၂၀၁၇ ခုနှစ်မှာ ချယ်လ်ဆီးအသင်းနဲ့ လမ်းခွဲခဲ့တာဖြစ်ပါတယ်။

 

မီခေးလ်ဟာ ချယ်လ်ဆီးအသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားတစ်ကြိမ်၊ ယူရိုပါလိဂ်ဖလားတစ်ကြိမ်၊ ပရီမီယာလိဂ်ဖလားနှစ်ကြိမ်၊ အက်ဖ်အေဖလားသုံးကြိမ် စသဖြင့် ဆုဖလားတွေ ရယူပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

 

ချယ်လ်ဆီးအသင်းကနေ ထွက်ခွာခဲ့ပြီးနောက် ကွင်းလယ်ကစားသမား မီခေးလ်ဟာ တရုတ်ကလပ် တီယန်ကျင်းအသင်းဆီ ပြောင်းရွှေ့ကစားခဲ့တာဖြစ်ပြီး ၂၀၁၉ ခုနှစ်မှာတော့ မစ်ဒယ်ဘရော့အသင်းမှာ သွားရောက်ကစားခဲ့တာ ဖြစ်ပါတယ်။

 

ကွင်းလယ်ကစားသမား မီခေးလ်ဟာ နိုင်ဂျီးရီးယားအသင်းအတွက် နိုင်ငံတကာပွဲစဉ် ၈၉ ပွဲ ပါဝင် ကစားပေးခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲ နှစ်ကြိမ် ပါဝင်ကစားပေးခဲ့ကာ နိုင်ဂျီးရီးယားအသင်းအား ၂၀၁၃ ခုနှစ်က အာဖရိကနိုင်ငံများ ဖလားချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ရေး စွမ်းဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။ မီခေးလ်ဟာ ပြီးခဲ့တဲ့နှစ် နွေရာသီ အပြောင်းအရွှေ့ကာလအတွင်းမှာ နိုင်ဂျီးရီးယား လက်ရွေးစင် ကစားသမား အဖြစ်ကနေ အနားယူခဲ့တာ ဖြစ်ပါတယ်။

 

ငွေကြယ်