မိုးနဲ ၆ အောက်တိုဘာ

 

 

ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်တွင် ချယ်ရီမေတ္တာဖောင်ဒေးရှင်း၏ အကြိမ် (၃၀) မြောက် စက္ခုဒါနလှူဒါန်းပွဲကို ယနေ့နံနက် ၇ နာရီက ပေါ့မိုင်းရပ်ကွက်ရှိ ချမ်းသာကြီး ဘုန်းတော်ကြီး ကျောင်းတိုက်တွင် ရန်ကုန်မြို့မှ မျက်စိပါရဂူကြီးများနှင့် ကျွမ်းကျင်ပညာရှင်များ ကိုယ်တိုင် လာရောက်၍ မျက်စိဝေဒနာရှင်ပြည်သူများအား မျက်စိစမ်းသပ်ပေးခြင်း၊ ကုသပေးခြင်းနှင့် ခွဲစိတ်ရန်လိုအပ်သော ဝေဒနာရှင်များကို အခမဲ့ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

 

ထိုသို့ဆောင်ရွက်ရာတွင် ချယ်ရီမေတ္တာဖောင်ဒေးရှင်းမှ အဖွဲ့ခေါင်းဆောင် ဦးဆန်းဦးနှင့် အဖွဲ့ဝင်များအား မိုးနဲမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီ အသင်းခွဲမှ တာဝန်ရှိသူများ၊ နမ့်ခုံးရှမ်းများပရဟိတအသင်းမှ အသင်းဝင်များက လိုအပ်သော ကူညီမှုများ ဆောင်ရွက်ပေးခဲ့ပြီး အောက်တိုဘာ ၁၀ ရက်အထိ ရပ်နီးရပ်ဝေးမှ မျက်စိဝေဒနာရှင်များအား မခွဲစိတ်မီနှင့် ခွဲစိတ်ပြီးသည်အထိ စမ်းသပ်ခ၊ ခွဲစိတ်ခ၊ မျက်မှန်နှင့် ဆေးဝါးများ စသည်တို့ကို အခမဲ့ ကုသမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

 

မျိုးညွန့်ရွှေ (မိုးနဲ)