ပွင့်ဖြူ ဩဂုတ် ၂၉
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ရှိ ကြီးအုံကြီးဝတမံသည် အထက်ပိုင်းဒေသများတွင် မိုးရွာသွန်းမှုကြောင့် တမံအတွင်း မိုးရေဝင်ရောက်မှု တိုးလာခဲ့ပြီး ဩဂုတ် ၂၉ ရက် နံနက် ၆ နာရီ၌ တမံရေပိုလွှဲမှ ၂ ဒသမ ၉ ပေခန့် ဆက်လက် ရေကျော်ကျလျက်ရှိကြောင်း သိရသည်။
အထက်ပိုင်းဒေသများတွင် ထပ်မံ၍ မိုးရွာသွန်းမှုကြောင့် ကြီးအုံကြီးဝတမံအတွင်း မိုးရေဝင်ရောက်မှု တိုးလာခဲ့ပြီး ယနေ့ နံနက် ၆ နာရီ တိုင်းထွာရာ၌ တမံရေပြည့်အမှတ်ဖြစ်သည့် ပေ ၃၄၀ အထက် ၂ ဒသမ ၉ ပေခန့် အထိ ဆက်လက်ရေကျော် ကျလျက်ရှိသည်။ အဆိုပါ ရေကျော်ကျနေသော်လည်း ပြည်သူများအတွက် စိုးရိမ်စရာအခြေအနေ မရှိကြောင်းနှင့် ရေပိုလွှဲနှင့် ဆက်စပ်အဆောက်အအုံများ ကြံ့ခိုင်ကောင်းမွန်လျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)