ပွင့်ဖြူ ဩဂုတ် ၅

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ကြီးအုံကြီးဝတမံအတွင်း မိုးရေဝင်ရောက်မှုများရှိခဲ့၍ တမံရေပိုလွှဲမှ ၁၃ ဒသမ ၄ ပေခန့်ထိ ရေကျော်ကျမှုရှိခဲ့ရာ ယခုအခါ မိုးရွာသွန်းမှု လျော့နည်းသွားပြီဖြစ်သဖြင့် ဩဂုတ် ၅ ရက် နံနက်ပိုင်း တိုင်းထွာရာ၌ ၁၀ ဒသမ ၈ ပေခန့်သာ အဆိုပါ ကြီးအုံကြီးဝတမံမှ ရေကင်းတာဝန်ခံ ဦးစီးအရာရှိ ဦးထွန်းလွင်ထံမှ သိရသည်။

 

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)