ကျီခါး ၁၁ ဖေဖော်ဝါရီ
ချင်းပြည်နယ် ကျီခါးမြို့၌ ပညာရေးဌာနနှင့် ယူနီဆက်ဖ်(UNICEF) အဖွဲ့တို့မှ ပူးပေါင်းကျင်းပသော မြို့နယ်အဆင့်ဆရာဖြစ် (TOT)သင်တန်း၊ ပတ်ဝန်းကျင်နှင့်တစ်ကိုယ်ရေ သန့်ရှင်းရေး၊ ကျောင်းများ ရေရရှိရေး၊ (WASH in School)သန့်ရှင်းစတား ချဉ်းကပ်နည်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီက ကျီခါးမြို့ မိုးလုံလေလုံးအားကစားခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ကျီခါးမြို့အုပ်ချုပ်ရေးမှူး ဦးနေဇော်အောင်က အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ ချင်းပြည်နယ်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတွမ်လျန်းက WASH in School စီမံကိန်းဆိုင်ရာ လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် ဒုတိယမြို့နယ်ပညာရေးမှူး ဦးကျော်စိုးမိုးက ချင်းပြည်နယ် တွန်းဇံမြို့နယ်အတွင်း ဆောင်ရွက်မည့် WinS လုပ်ငန်းစဉ်များအား မိတ်ဆက်ဆွေးနွေးပြီး UNICEF တာဝန်ခံ ဦးစိုင်း ဟန်လင်းအောင်က WinS စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ အကျယ်တဝင့်ရှင်းလင်းဆွေးနွေးသည်။
အဆိုပါသင်တန်းကို ကျီခါးမြို့ခန်းမ၌ ဖေဖော်ဝါရီလ(၁၁) ရက်နေ့မှ (၁၄)ရက်နေ့အထိ ဖွင့်လှစ်သွားမည် ဖြစ်ပြီး သင်တန်းသို့အခြေခံပညာကျောင်းများမှ တာဝန်ခံကျောင်းအုပ်များ တက် ရောက်ကြကြောင်း သိရသည်။
အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ကျီခါးမြို့ပေါ်ရှိ ဌာနဆိုင်ရာ အကြီးအကဲများ ၊ ဆရာ ဆရာမများ၊UNICEFမှ တာဝန်ရှိသူများ၊မြို့မိမြို့ဖများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဆလိုင်းလိန်းမာန်(ပြန်/ဆက်)