ကျီခါး ၁၆ ဧပြီ
ချင်းပြည်နယ်၊ ကျီခါးမြို့ တိုက်နယ်ဆေးရုံ၌ တိုးချဲ့လူနာဆောင်အသစ် ဆောက်လုပ်မည့်နေရာအတွက် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယနေ့ နံနက် ၇ နာရီက အဆိုပါဆေးရုံဝန်း၌ ကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးဦးပေါင်လွန်းမင့်ထန် တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုးချဲ့လူနာဆောင်အသစ် ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေကျပ် (၁၃၄ ဒသမ ၄)သန်းဖြင့် laugh Cing ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဆလိုင်းလိန်းမာန်(ပြန်/ဆက်)