၁၃   ဒီဇင်ဘာ

 

ပေါ့ပ်ကြယ်ပွင့် လေဒီဂါဂါဟာ သူ့ရဲ့ချစ်သူနဲ့ စေ့စပ်လိုက်ပြီ ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီးနောက် လတ်တလောမှာတော့ သူ့အနေနဲ့ ကြီးကျယ်ခမ်းနားတဲ့ မင်္ဂလာပွဲမျိုးကို ဆင်နွှဲလိုတာဖြစ်ကြောင်း သူနဲ့ရင်းနှီးတဲ့ သတင်းရင်းမြစ်ရဲ့ ပြောကြားချက်ကို ကိုးကားကာ အေးရှားဝမ်းဒေါ့ကွန်းက ရေးသားဖော်ပြခဲ့တာ တွေ့ရပါတယ်။

 

အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပေါ့ပ်ကြယ်ပွင့် လေဒီဂါဂါဟာ တေးဂီတလောကမှာ အောင်မြင်မှုတွေ ရရှိခဲ့ပြီးနောက် သရုပ်ဆောင်နယ်ပယ်မှာပါ ခြေချလာတာ ဖြစ်ပါတယ်။ လတ်တလောမှာလည်း သူပါဝင်သရုပ်ဆောင် ထားတဲ့ “A Star Is Born” ရုပ်ရှင်ကို ကမ္ဘာတစ်ဝန်း ရုံတင်ပြသလျက်ရှိရာ သူ့အနေနဲ့လည်း အလုပ်များနေတာ ဖြစ်ပါတယ်။

 

လေဒီဂါဂါဟာ ခရစ်စတိန်းကာရီနိုနဲ့ ၂၀၁၇ ခုနှစ် အတွင်းမှာပင် ချစ်သူတွေအဖြစ် လက်တွဲခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းမှာတော့ သူတို့နှစ်ဦး စေ့စပ်လိုက်ပြီဖြစ်ကြောင်း ထုတ်ဖော်အသိပေးခဲ့တာပါ။ စေ့စပ်ခဲ့ပြီး နောက်မှာတော့ သူ့အနေနဲ့ လက်ထပ်ဖို့ရာ စဉ်းစားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် လတ်တလောမှာတော့ ရုပ်ရှင်သစ်နဲ့ ပတ်သက်ပြီး အလုပ်များနေတာကြောင့် မင်္ဂလာအခမ်းအနားနဲ့ ပတ်သက်ပြီး သေသေချာချာ မတွေးဖြစ်ပေမယ့် သူ့အနေနဲ့ ကြီးကျယ်ခမ်းနားတဲ့ မင်္ဂလာပွဲမျိုးကို ပြုလုပ်လိုတာဖြစ်ကြောင်း သူနဲ့ရင်းနှီးတဲ့ သတင်းရင်းမြစ်တွေက ထုတ်ဖော်ပြောကြားလာတာ ဖြစ်ပါတယ်။

 

အေးပြည့်