ဒါရက်စ်ဆလမ် အောက်တိုဘာ ၂၅
တန်ဇန်းနီးယား အာဏာပိုင်များသည် အာဖရိက၏ အမြင့်ဆုံးတောင်ဖြစ်သည့် ကီလီမန် ဂျာရိုတောင်ပေါ်တွင် မီးငြှိမ်းသတ်ရန်အတွက် မီးသတ်သမား ၆၀၀ ကျော်ကို စုစည်းထားကြောင်း အရာရှိတစ်ဦးက အောက်တိုဘာ ၂၃ ရက်တွင် ပြောကြားသည်။
မီးသတ်သမားများကို တန်ဇန်းနီးယားမီးသတ်နှင့် ကယ်ဆယ်ရေးအဖွဲ့၊ တန်ဇန်းနီးယား အမျိုးသား ဥယျာဉ်၊ ရဲတပ်ဖွဲ့၊ ကင်းထောက်အဖွဲ့၊ ပြည်သူ့စစ်အဖွဲ့ဝင်များနှင့် ပုဂ္ဂလိကကဏ္ဍတို့မှ ခေါ်ယူထားပြီးဖြစ်ကြောင်း ကီလီမန်ဂျာရို ဒေသဆိုင်ရာ တာဝန်ရှိသူ နာဒင် ဘာဘူက ပြောကြားသည်။ အဆိုပါ မီးလောင်မှုသည် ကီလီမန်ဂျာရိုတောင်၏ တောင်ဘက် အမြင့်ပေ ၄၀၀၀ မီတာခန့်တွင် အောက်တိုဘာ ၂၁ ရက် ညပိုင်းက လောင်ခဲ့ခြင်းဖြစ်ပြီး လေပြင်း တိုက်ခတ်မှုကြောင့် လျင်မြန်စွာ ပျံ့နှံ့လောင်ကျွမ်းလျက်ရှိကြောင်း ဘာဘူက ပြောကြားသည်။
၂၀၂၀ ပြည့်နှစ် အောက်တိုဘာလက ယင်းတောင်ပေါ်၌ မီးလောင်မှုဖြစ်ပွားသဖြင့် ဟင်းသီးဟင်းရွက် ၉၅ ဒသမ ၅ စတုရန်းကီလိုမီတာ၊ တဲအိမ် ၁၂ လုံး၊ ရေအိမ်နှစ်လုံးနှင့် တောင်တက်ခရီးသည်များ အသုံးပြုသည့် ဆိုလာကိရိယာများ ပျက်စီးခဲ့ကြောင်း သိရသည်။
ဆင်ဟွာ