ရန်ကုန် ၅ စက်တင်ဘာ


ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း သင်္ဃန်းကျွန်းမြို့နယ် လျှပ်စစ်ဓာတ်အားပေးရေးရုံးမှ တစ်ဆင့် သင်္ဃန်းကျွန်းမြို့နယ် ကြီးပွားရေးရပ်ကွက်သို့ လျှပ်စစ်ဓာတ်အား ပို့လွှတ်ဖြန့်ဖြူးပေးလျက်ရှိသော ကြီးပွားရေးရပ်ကွက် (မြောက်ပိုင်း)၊ အနော်ရထာလမ်းထိပ်နှင့် ကျန်စစ်သားလမ်းသွယ် (၁) ထိပ်ဆုံရာ ကျန်စစ်သားလမ်း (ဘောလုံးကွင်း) အနီး၌တည်ရှိသော ၆၆၀ဝ  ဗို့ရှိ 500 လျှပ်စစ် ထရန်စဖော်မာသည် ဓာတ်အားပို့လွှတ်နေစဉ် ယနေ့ နံနက် ၂ နာရီခွဲခန့်တွင် ယင်းထရန်စဖော်မာပေါက်ကွဲ၍ လျှပ်စစ်ဓာတ်အားပို့လွှတ်မှုတို့ ခေတ္တပြတ်တောက်ခဲ့ကြောင်း သိရသည်။


အဆိုပါ လျှပ်စစ်ဓာတ်အားပေးပို့မှု ပြတ်တောက်သည့်နေရာသို့ ယနေ့နံနက်ပိုင်းက သင်္ဃန်းကျွန်းမြို့နယ် လျှပ်စစ်မန်နေဂျာရုံးမှ မန်နေဂျာနှင့်တာဝန်ရှိသူများ၊ လိုင်းကြီးကြပ်များ၊ လျှပ်စစ်ဝန်ထမ်းများနှင့် ယာဉ်ယန္တရားအင်အားအသုံးပြုပြီး ပြည်သူများအား လျှပ်စစ်ဓာတ်အား အမြန်ဆုံးပို့လွှတ်နိုင်ရေး အသစ်လဲလှယ် တပ်ဆင်သွယ်တန်းပေးခဲ့သည်။ 


ထို့နောက် ဓာတ်အားလိုင်းနှင့် မလွတ်သော သစ်ပင်သစ်ကိုင်းများလည်း ခုတ်ထွင်ရှင်းလင်းကြကာ ညနေပိုင်းတွင် လျှပ်စစ်ဓာတ်အားကို ပြည်သူများထံသို့ ပို့လွှတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။ 


တင်ကြည်(သင်္ဃန်းကျွန်း)