၁၈ အောက်တိုဘာ

 

ရုပ်ရှင်မင်းသမီးချော ကီရာနိုက်တလေကတော့ သမီးဖြစ်သူကို ဒစ္စနေးရုပ်ရှင်တွေ ပေးမကြည့်ဘူးလို့ ပြောလိုက်ပါတယ်။ ဘာလို့လဲဆိုတော့ ဒစ္စနေးရုပ်ရှင်တွေမှာ အချို့သော အကြောင်းအရာတွေဟာ ခေတ်မမီတော့ဘူးလို့ Ellen Show စကားပြောခန်းမှာ ပြောကြားသွားခဲ့ပါတယ်။ 

 

“အိမ်မှာဆိုရင် စင်ဒရဲလားကိုကြည့်ခွင့်မပေးဘူး၊ ဘာလို့လဲဆိုတော့ စင်ဒရဲလားဟာ ကိုယ်တိုင်လွတ်မြောက်ဖို့ မကြိုးစားဘဲ ချမ်းသာတဲ့ မင်းသားလေးလာကယ်မှာကို စောင့်ဆိုင်းနေတယ်၊ ဒါကြောင့် ကြည့်ခွင့်မပေးတာ” လို့ ကီရာနိုက်တလေက ပြောပါတယ်။ ဒါ့အပြင် The Little Mermaid ဇာတ်ကားကိုလည်း သမီးလေးကို ကြည့်ခွင့်ပေးမထားဘူးလို့ ပြောပါတယ်။ 

 

ကီရာနိုက်တလေဟာ သူ့သမီးလေးကို ဒစ္စနေးရုပ်ရှင်တွေအားလုံးကို ကြည့်ခွင့်မပေးတာမဟုတ်ဘဲ Frozen ၊ Moana ၊ Finding Dory အစရှိတဲ့ ဇာတ်ကားတွေကိုတော့ ကြည့်ခွင့်ပေးထားတယ်လို့ အင်တာဗျူးမှာ ဖြေခဲ့ပါတယ်။ ပရိတ်သတ်တွေကတော့ ကီရာနိုက်တလေရဲ့ အင်တာဗျူးကိုကြည့်ပြီး ဝေဖန်ချက်တွေ အမျိုးမျိုးပေးကြပါတယ်။ 

 

ပရိသတ်တစ်ယောက်ကဆိုရင် သူဟာ ငယ်ငယ်တုန်းက ဒစ္စနေးရုပ်ရှင်တွေအားလုံး ကြည့်တာပဲ၊ ဒါပေမယ့်လည်း စင်ဒရဲလားလို မင်းသားလေး လာကယ်မှာကို စောင့်မနေခဲ့ပါဘူး။ ကီယာနိုက်တလေဟာ ကလေးအပေါ် အကဲပိုလွန်းတယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် အချို့သောကလေးအမေတွေကတော့ ကီရာနိုက်တလေကို ထောက်ခံကြပါတယ်။ 

 

MDN
ဟောလိဝုဒ်လိုက်ဖ်