ကျိန္တလီ နိုဝင်ဘာ ၁
ရခိုင်ပြည်နယ် ၊ သံတွဲခရိုင် ၊ ကျိန္တလီမြို့တွင် မွေးကင်းစမှအသက်(၂)နှစ်အောက်ကလေးငယ် များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို နိုဝင်ဘာ ၁ ရက်နေ့ နံနက် (၉)နာရီမှ ညနေ(၃)နာရီထိ ပြည်သူ့ဆေးရုံတွင် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ထို့သို့ ကာကွယ်ဆေးထိုးနှံရာတွင် ကျန်းမာရေးဝန်ထမ်းများက ကျိန္တလီမြို့ပေါ်ရှိ ရပ်ကွက်(၃)ရပ်ကွက်မှ မွေးကင်းစမှအသက်(၂)နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ် ဆေးများဖြစ်သော ဆုံဆို့ ၊ ကြက်ညှာ ၊ မေးခိုင် ၊ အသည်းရောင်အသားဝါ(ဘီ)ပိုး ၊ ဦးနှောက်အမြှေး ရောင် ၊ (၅)မျိုးစပ်ကာကွယ်ဆေး ၊ ပိုလီယိုအကြောသေ ၊ ဝက်သက် ၊ ဂျိုက်သိုး ၊ ပြင်းထန် ဝမ်းပျက် ဝမ်းလျှော့ ဖြစ်စေတက်သော (Rota) ကာကွယ်ဆေးကိုပါတိုက်ကျွေးကြောင်းနှင့် ကိုယ်ဝန်ဆောင်မိ ခင်များအား မေးခိုင်-ဆုံဆို့နာ ကာကွယ်ဆေးထိုးနှံပေးခြင်းတို့ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ် -၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ခိုင်မိုးမင်း(ပြန်/ဆက်)


