mdn

ထက်လျှံ၊ ဓာတ်ပုံ - ဇော်မင်းလတ်

 

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ အောက်တိုဘာ ၂၂ ရက် ညနေ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ် - ၁၉ အကြောင်း သိကောင်းစရာ အမေး / အဖြေ အစီအစဉ်ကို ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။

 

အစီအစဉ်မှူး။              လတ်တလော ကမ္ဘာတစ်ဝန်းမှာ ဖြစ်ပွားနေတဲ့ ကိုဗစ် - ၁၉ ကမ္ဘာ့ကပ် ရောဂါနဲ့ပတ်သက်တဲ့ သိကောင်းစရာ အမေး / အဖြေ အစီအစဉ်ကနေ ပြန်လည်ကြိုဆိုပါတယ်။ ကိုဗစ် - ၁၉ ဒုတိယလှိုင်းမှာ နိုင်ငံအတွင်း ရောဂါကူးစက်ဖြစ်ပွားမှုတွေမှာဆိုရင် ရန်ကုန်တိုင်းဒေသကြီးက အများဆုံးဖြစ်ခဲ့ပါတယ်။

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဦးဆောင်ပြီး ကိုဗစ် - ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းတွေကို ဆရာဝန်၊ ဆရာမတွေ၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ စေတနာ့ဝန်ထမ်းတွေက အရှိန်အဟုန်မြှင့်လုပ်ဆောင်နေသလို ပြည်သူအများစုကလည်း ထိထိရောက်ရောက် လိုက်နာဆောင်ရွက်ခဲ့တဲ့အတွက် ရန်ကုန်တိုင်းဒေသကြီးမှာတော့ ရောဂါကူးစက်ပြန့်နှံမှုတွေကို အတိုင်းအတာ တစ်ခုအထိ ထိန်းချုပ်လာနိုင်နေပြီလို့ သိရပါတယ်။

 

ဒါပေမယ့် တချို့တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ရောဂါအတည်ပြုလူနာတွေ့ရှိမှု အနည်းငယ် မြင့်တက်လာတာကိုလည်း တွေ့လာရတဲ့အတွက် ပြည်သူတွေအနေနဲ့ အထူးသတိပြုနေထိုင်ကြဖို့ လိုအပ်နေဆဲ ဖြစ်ပါတယ်။ ကိုဗစ် - ၁၉ နဲ့ပတ်သက်လို့ သိထားရမယ့် သတင်းအချက်အလက်တွေ၊ လိုက်နာဆောင်ရွက်ရမယ့် နည်းလမ်းတွေကို ပါမောက္ခကြီးတွေ၊ သမားတော်ကြီးတွေက အပတ်စဉ် ရှင်းလင်းပြောကြား ဝေမျှပေးလာတာ အခုဆိုရင် စတုတ္ထ ရက်သတ္တပတ်ကို ရောက်ရှိလာပြီပဲ ဖြစ်ပါတယ်ရှင်။

 

ဒီနေ့ရဲ့ မေးမြန်းဆွေးနွေး ဖြေကြားမှုမှာ ဆရာကြီးဒေါက်တာသန်းဝင်း [ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) နည်းပညာပိုင်းဆိုင်ရာ ကူညီပံ့ပိုးအကြံပြုအားဖြည့်ဆောင်ရွက်ရေးအဖွဲ့ဝင်] ဆရာကြီး ဒေါက်တာထွန်းညွန့်ဦး [ညွှန်ကြားရေးမှူး (ခုခံကျ/ ကာလသားစီမံချက်) ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန] တို့နဲ့အတူ ဦးဆောင်ဆွေးနွေးသူအဖြစ် ဆရာကြီးဒေါက်တာသန်းနိုင်စိုး [ညွှန်ကြားရေး မှူး (ကျန်းမာရေးအသိပညာမြင့်တင်ရေး) ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန] က ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီနေ့ရဲ့ ဆွေးနွေးမှုတွေကို စတင်နိုင်ဖို့အတွက် ဆရာကြီး ဒေါက်တာသန်းနိုင်စိုးကနေ ဦးဆောင်ဆွေးနွေးပေးဖို့အတွက် ဖိတ်ခေါ်ပါတယ်။

 

ဒေါက်တာသန်းနိုင်စိုး။              ကျေးဇူးပါခင်ဗျာ။ ကျွန်တော်တို့အနေနဲ့ ဒါက အစီအစဉ် () ပတ်မြောက်ဖြစ်ပါတယ်။ () ပတ်မြောက်မှာလည်း ပြည်သူတွေရဲ့ မေးမြန်းထားတဲ့ဟာတွေ ဒီကျန်းမာရေးနှင့်  အားကစားဝန်ကြီးဌာနရဲ့ Facebook အင်တာနက်စာမျက်နှာမှာလည်း ကျွန်တော်တို့ အများကြီးဖြေကြားပေးလျက်ရှိပါတယ်။ အဲဒါကို ကျွန်တော်တို့ အွန်လိုင်းကပဲ ဆေးသုတေသနဌာနရဲ့ 2019 Call Center နဲ့ ကျန်းမာရေးအသိပညာပေးမြင့်တင်ရေးဌာနက ပညာရှင်တွေနဲ့ မေးခွန်းတစ်ခုခြင်းစီ အလိုက် Individually ဝင်ဖြေပေးတာလည်း ရှိပါတယ်။ ဒီအပြင် ဆရာကြီးတွေ၊ သမားတော်ကြီးတွေနဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ စီနီယာပုဂ္ဂိုလ်တွေကလည်း ယခုလိုမျိုး ဖြေကြားပေးတာ ရှိပါတယ်။ ကျွန်တော်အနေနဲ့ ပထမဦးဆုံး ဆရာကြီးဦးသန်းဝင်းကို ဖိတ်ခေါ်လိုပါတယ်။

 

ဒေါက်တာသန်းဝင်း။                            ဟုတ်ကဲ့ပါ ခင်ဗျာ။ ပေးပို့လာတဲ့ မေးခွန်းတွေထဲကနေပြီး ရန်ကုန် မြို့နဲ့အတူ တခြားပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာရှိတဲ့ မြို့ကြီးတွေမှာ ကိုဗစ် - ၁၉ ကူးစက်ရောဂါ ကူးစက်ပြန့်နှံမှု အခြေအနေနဲ့ ပတ်သက်ပြီး မေးလာတဲ့ မေးခွန်းတွေအပေါ်မှာ ကျွန်တော် ခြုံငုံပြီးတော့ ပြန်လည်ဖြေကြား ရှင်းလင်းသွားမှာ ဖြစ်ပါတယ်။

 

အားလုံးသိပြီးတဲ့အတိုင်းပဲ ယခုနှစ် စက်တင်ဘာလကစပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြို့နယ်တွေမှာ ကိုဗစ် - ၁၉ ကူးစက်ရောဂါဟာ ကပ်ရောဂါအသွင်နဲ့ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ အဲဒီလို ကပ်ရောဂါအသွင်နဲ့ ဖြစ်ပွားနေတာနဲ့ မရှေးမနှောင်းမှာ တခြားပြည်နယ်နဲ့ တိုင်းဒေသကြီးမှာလည်း ကိုဗစ် - ၁၉ ဗိုင်းရပ်စ်ပိုးက ကူးစက်ပြန့်နှံနေပြီ ဖြစ်ပါတယ်။ ယနေ့အထိဆိုရင် ကျွန်တော်တို့ နိုင်ငံမှာရှိတဲ့ ပြည်နယ်၊ တိုင်းဒေသကြီး အားလုံးကို ဒီရောဂါပိုးဟာ ကူးစက်ပြန့်နှံနေပြီ ဖြစ်ပါတယ်။

 

အဲဒီလိုကူးစက်ပြန့်နှံပြီးဖြစ်တဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေထဲက အချို့တိုင်းဒေသကြီးတွေမှာ ကိုဗစ်ပိုးတွေ့လူနာဟာလည်း တဖြည်းဖြည်း များလာတယ်။ ကူးစက်မှုဟာလည်း တဖြည်းဖြည်းများလာတာကိုလည်း သတိထားမိပါတယ်။ ဒါကြောင့် အဲဒီလို ကူးစက်မှု တဖြည်းဖြည်းများလာတဲ့ တိုင်းဒေသကြီးတွေအနေနဲ့ကတော့ ကိုဗစ် - ၁၉ ကပ်ရောဂါ ကာကွယ်ရေးလုပ်ငန်းတွေ အနေနဲ့ လက်ရှိကူးစက်မှုူကို ထိန်းချုပ်တဲ့လုပ်ငန်းတွေကို ထိထိရောက်ရောက် ဆောင်ရွက်သွားဖို့ လိုအပ်ပါတယ်။ ဒီလိုဆောင်ရွက်ခြင်းအားဖြင့် ကပ်ရောဂါဖြစ်ပွားမှုက ကာကွယ်နိုင်မယ့်အပြင် သေဆုံးမှုများပြားခြင်းကိုလည်း လျော့ချနိုင်မှာ ဖြစ်ပါတယ်။

 

အဲဒီတော့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ ကိုဗစ် ကာကွယ်နှိမ်နင်းရေး လုပ်ငန်းတွေကို နိုင်ငံနဲ့တစ်ဝန်း ဆောင်ရွက်လျက်ရှိတဲ့ နေရာမှာ အချို့ လိုအပ်ချက်ရှိတဲ့ မြို့နယ်တွေမှာ Stay at Home အစီအစဉ်ကို ကြေညာပြီး စီမံဆောင်ရွက်တယ်။ ခရီးသွားတာတွေ ကန့်သတ်တယ်။ ဒါတွေ လုပ်တဲ့အပြင်ကို ယခုနောက်ပိုင်းမှာ ရရှိလာတဲ့ Rapid Antigen Test လို့ခေါ်တဲ့ RDT နဲ့ ခရီးသွားလာ တဲ့လူတွေကိုလည်း ဒါနဲ့စစ်ဆေးပြီးတဲ့အခါ ရောဂါကင်းရှင်းမှသာလျှင် ဆက်လက် ခရီးသွားလာခွင့်ပေးပါတယ်။

 

ဒီလိုဆောင်ရွက်တဲ့ ရည်ရွယ်ချက်ကလည်း ဗိုင်းရပ်စ်ပိုးဟာ တစ်နိုင်ငံလုံး ပြန့်နှံမှုကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်အောင်ဆိုပြီး ရည်ရွယ်ဆောင်ရွက်တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီ Rapid Test မှာလည်း ပိုးတွေ့နိုင်မှု၊ ပိုးစမ်းသပ်နိုင်မှု စွမ်းအားတွေက အကန့်အသတ်ရှိပါတယ်။ အဲဒီတော့ ရောဂါပိုးစတင် ဝင်ရောက်သွားပြီးတဲ့အခါမှာ ရောဂါလက္ခဏာ မပေါ်ခင် () ရက်နဲ့ ပေါ်ပြီး () ရက်၊ () ရက်အတွင်း စစ်ဆေးမှသာလျှင် ဒီပိုးက တွေ့မှာဖြစ်ပါတယ်။

 

ဒါပေမယ့် ရောဂါပိုးသယ်ဆောင်လင့်ကစား၊ ကူးစက်ခံရလင့်ကစား ဒီရက်အတွင်းမှာ စစ်ဆေးတာ မဟုတ်ဘူးဆိုရင် Test က Negative ပဲ ပြမှာဖြစ်ပါတယ်။ ဆိုလိုတာက ဒီလို Negative ပြလိုက်ပြီးတော့ တခြားဒေသတွေကို ပိုးသယ်ဆောင်သူအနေနဲ့ ရောက်သွားနိုင်ပါတယ်။ အဲဒီလို ရောက်သွားတဲ့အခါမှာ ရှိတဲ့ဒေသခံပြည်သူလူထုအနေနဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ညွှန်ကြားထားတဲ့ ကိုဗစ် - ၁၉ တစ်ကိုယ်ရေကာကွယ်နိုင်တဲ့ နည်းလမ်းတွေကို လိုက်နာမယ်။ တတ်နိုင်သမျှ အိမ်ထဲမှာနေမယ်။ အဲဒီလို နေခြင်းအားဖြင့်၊ လိုက်နာခြင်းအားဖြင့် တကယ့်ပိုးကို သယ်ဆောင်လာတဲ့ ရောဂါရှိတဲ့ လူနဲ့ ထိတွေ့လင့်ကစား ကူးစက်မှုကို အထိုက်အလျောက် လျော့ချနိုင်မှာ ဖြစ်ပါတယ်။

 

ဒါကြောင့် ပြည်နယ်နဲ့ တိုင်းဒေသကြီး၊ နိုင်ငံတစ်ဝန်းလုံးမှာ ကိုဗစ် - ၁၉ ကာကွယ်ရေးအတွက် လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေ တိတိကျကျ လူတိုင်းလိုက်နာနိုင်ဖို့ ကျန်းမာရေးပညာပေးတာတွေ၊ ထိန်းကြောင်းကြပ်မတ်တာတွေအပြင် လူသွားလူလာများတဲ့ ဈေးတို့၊ လမ်းဆုံလမ်းခွ နေရာတွေမှာ Mask Camping လုပ်တာတွေကိုလည်း ယခုအတိုင်းပဲ အားဖြည့်ဆောင်ရွက်သွားဖို့ လိုပါတယ်။

 

အဲဒီတော့ ပြည်နယ်နှင့် တိုင်းဒေသကြီးတွေမှာ ဆောင်ရွက်နေတဲ့အခါမှာ ရန်ကုန်တိုင်းဒေသကြီးမှာ ကိုဗစ် - ၁၉ ကပ်ရောဂါဖြစ်တဲ့အတွက်ကြောင့် ကြိုးစားပြီး ထိန်းချုပ်နေတာဖြစ်ပါတယ်။ အဲဒီ ထိန်းချုပ်တဲ့ အခြေအနေကနေ အချို့အချက်အလက်တွေကို ပြည်နယ်နှင့် တိုင်းဒေသကြီးတွေကို မျှဝေပေးလိုပါတယ်။

 

နံပါတ် () က ကိုယ့်ဒေသ၊ ကိုယ့်တိုင်းဒေသကြီးမှာရှိတဲ့ ကိုဗစ် - ၁၉ ဗိုင်းရပ်စ်ပိုး ကူးစက်အနိုင်ဆုံး၊ အန္တရာယ်အရှိဆုံး လူအုပ်စု နေရာတွေကို ရွေးချယ်သတ်မှတ်ရမှာ ဖြစ်ပါတယ်။ ဥပမာအား ဖြင့် ဈေးလို၊ စက်ရုံအလုပ်ရုံလို နေရာမျိုးတွေ၊ အလုပ်သမားတွေ စုနေတဲ့ အဆောင်လို နေရာမျိုးတွေပေါ့နော်။ အဲဒီနေရာတွေမှာ သတ်မှတ်ပြီးတော့ အဲဒီနေရာမှာရှိတဲ့ လူတွေက ကိုဗစ် - ၁၉ ကာကွယ်ရေးအတွက် လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေကို တစ်ကိုယ်ရေ တိတိကျကျ လူတိုင်းလိုက်နာနိုင်ဖို့လည်း ပံ့ပိုးကူညီသွားရမယ်။ ထိန်းကြောင်းသွားရမှာတွေ လုပ်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီနေရာတွေမှာ ရောဂါဖြစ်ပွားမှုကို စဉ်ဆက်မပြတ် စောင့်ကြပ်ကြည့်ရှုရမယ်။ ကြည့်ရှုပြီး သံသယတွေ့တာနဲ့ တစ်ပြိုင်နက်တည်း လိုအပ်တဲ့ဆောင်ရွက်မှုတွေကို ချက်ချင်းဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။

 

နောက်တစ်ချက်က ကိုဗစ် - ၁၉ ကာကွယ်၊ ကုသရေး ဆောင်ရွက်ရာမှာ အရေးကြီးတဲ့ အဆင့်တစ်ဆင့်ဖြစ်တဲ့ ရောဂါပိုး ရှာဖွေဖော်ထုတ်တာ Testing လို့ခေါ်ပါတယ်။ ကိုယ့်ရပ်၊ ကိုယ့်ဒေသမှာ ရှိတဲ့ Testing Capacity ကိုလည်း ပြန်ပြီးတော့ စိစစ်ပါ၊ သုံးသပ်ပါ။ လူဘယ်လောက် များများကို အလျင်မီအောင် ကိုယ်စစ်ဆေးနိုင်သလဲ ဒါကိုအခုထဲက စိစစ်ထားပါ။  ပိုးကို များများရှာမယ်၊ မြန်မြန်ရှာမယ် များများတွေ့ပြီးတော့ မြန်မြန်ကုသခြင်းအားဖြင့် ကာကွယ်နှိမ်နင်းရေးလုပ်ငန်းတွေမှာ ထိထိရောက်ရောက် ဆောင်ရွက်နိုင်တာဖြစ်တဲ့အတွက်ကြောင့် ယခုထဲက လူများများကို ပိုးစစ်ဆေးနိုင်ဖို့အတွက် စီမံဆောင်ရွက်ထားရန် လိုအပ်မယ်ဖြစ်ကြောင်းလည်း ဖြည့်စွက်ပြီး ပြောကြားလိုပါတယ်။

 

အကယ်၍များ လက်ရှိကူးစက်မှု အနေအထားကနေပြီး ကပ်ရောဂါအသွင်ကို တဖြည်းဖြည်း ဖြစ်သွားပြီဆိုရင် သံသယလူနာတွေလည်း များလာမှာဖြစ်တယ်။ ကိုဗစ်ပိုးတွေ့ လူနာတွေလည်း များလာမှာ ဖြစ်တယ်။ ဒီလူနာတွေ ကျွန်တော်တို့က သက်ဆိုင်ရာ ဆေးရုံ၊ ဆေးခန်းတွေမှာ သီးသန့် ကုသဆောင်တွေနဲ့ထားပြီး တက်ရောက် ကုသမှုပေးရမှာဖြစ်ပါတယ်။ ဒါကြောင့် ဆေးရုံတွေမှာ အထူးကြပ်မတ်ကုသဆောင်တွေ၊ ကိုဗစ်ကုသရေးစင်တာတွေ အခုထဲက ပြင်ဆင်ထားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

 

ဒါ့အပြင် ကိုဗစ်လူနာ ၁၀၀ မှာ ယောက်က အထူးကြပ်မတ်ကုသဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ဆေးရုံတွေမှာရှိတဲ့ ICU Bed တွေ၊ Ventilator နဲ့ အခြားဆေးရုံသုံးပစ္စည်းတွေ၊ ဆေးဝါးတွေကိုလည်း အခုထဲက စုဆောင်းပြီး ပြင်ဆင်ထားရမှာ ဖြစ်ပါတယ်။ ကိုဗစ် - ၁၉ ရောဂါ ကူးစက်ခံရ သူတွေဟာ ၁၅ ရာခိုင်နှုန်းက အောက်ဆီဂျင်ပေးပြီး ကုသရတာဖြစ်ပါတယ်။ အဲဒီတော့ ကိုဗစ် - ၁၉ ရဲ့ ကုသရေးမှာ အောက်ဆီဂျင်ဟာ တကယ့်ကို မရှိမဖြစ် Essential ဖြစ်ပါတယ်။ Life Saving အသက်ကယ်တာ ဖြစ်ပါတယ်။ ဒါကြောင့် မိမိအရပ်ဒေသ၊ မိမိမြို့ရွာမှာရှိတဲ့ ဆေးရုံတွေမှာ အောက်ဆီဂျင် ပဏာမ လုံလုံလောက်လောက်ကို မပြတ်တန်းရရှိဖို့အတွက် အခုထဲက စီစဉ်ဆောင်ရွက်ထားဖို့လိုမှာ ဖြစ်တဲ့အကြောင်းလည်း ကျွန်တော်အနေနဲ့ ပြောကြားလိုပါတယ်။

 

အဲဒီတော့ သံသယလူနာတွေ များလာမယ်။ ပိုးတွေ့လူနာတွေ များလာပြီဆိုတာနဲ့ သူတို့ကို ကုသပေးဖို့ ကျန်းမာရေးဝန်ထမ်းတွေ၊ စောင့်ရှောက်ပေးဖို့ Volunteer တွေကိုလည်း အခုထဲက စုဆောင်းထားမယ်၊ ပြင်ဆင်ထားမယ်၊ လိုအပ်တဲ့ စွမ်းဆောင်မှုဆိုင်ရာ သင်တန်းတွေလည်း ဆောင်ရွက်ထားရမှာ ဖြစ်တဲ့အပြင်ကို လက်ရှိဆောင်ရွက်နေတဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေလည်း မလစ်ဟင်းအောင် ဘယ်လိုများ ထုတ်နှုတ်ဆောင်ရွက်မလဲဆိုတဲ့ Human Resource Management Plan ကိုလည်း ပြင်ထားဖို့ လိုပါတယ်။

 

ဆေးရုံ၊ ဆေးခန်းတွေမှာ ဒီလိုမျိုး ပြင်ပြီးတော့ ဆောင်ရွက်ထားရတဲ့ အဓိကအချက်ကတော့ ဒီဆေးရုံကို ရောက်လာတဲ့ ကိုဗစ်လူနာတွေဟာ အဆင်ပြေချောချောမွေ့မွေ့နဲ့ Quality Care လို့ခေါ်တဲ့ အတိုင်းအတာ တစ်ခုအထိ အဆင့်အတန်းရှိတဲ့ ကုသရေးကို ရရှိအောင် ရည်ရွယ်ပြီး ဆောင်ရွက်ထားရမှာ ဖြစ်ပါတယ်။ အဲဒီတော့ ကျန်းမာရေးဝန်ထမ်းတွေကိုလည်း စွမ်းဆောင်ရည်မြှင့်တဲ့ သင် တန်းတွေ၊ Capacity Building Training တွေ ဆောင်ရွက်ပေးရမှာဖြစ်တယ်။

 

တကယ်လို့ လူနာတွေ များလာပြီဆိုတာနဲ့ လက်ရှိဆောင်ရွက်နေတဲ့ ကျန်းမာရေးလုပ်ငန်းတွေလည်း လစ်ဟင်းမှုမရှိအောင် ကျန်းမာရေးဝန်ထမ်း အင်အားတွေ၊ Volunteer တွေကို ဘယ်လိုနည်းနဲ့ ထုတ်နှုတ်သုံးစွဲမယ်ဆိုတဲ့ Human Resource Management Plan ကိုလည်း ယခုထဲက ရေးဆွဲပြီး အဆင်သင့်ပြင်ဆင်ထားရမှာ ဖြစ်ပါတယ်။

 

ရန်ကုန်တိုင်းဒေသကြီးမှာ ကပ်ရောဂါအသွင် ဖြစ်ပွားနေတဲ့အတွက်ကြောင့် သေဆုံးမှုလည်း အထိုက်အလျောက် ရှိပါတယ်။ ဒီသေဆုံးမှုတွေကို ပညာရှင်တွေရဲ့ သုံးသပ်ချက်အရ သေဆုံးမှုရဲ့ ၈၀ ကနေ ၉၀ ရာခိုင်နှုန်းက နဂိုရောဂါအခံရှိတဲ့လူတွေ၊ မကူးစက်နိုင်တဲ့ရောဂါအခံရှိတဲ့လူတွေက ဒီဗိုင်းရပ်စ်ပိုး ကူးစက်မယ်ဆိုရင် သေဆုံးနှုန်း မြင့်မားတာ ဖြစ်ပါတယ်။

 

ဒါကြောင့် ကျွန်တော်တို့က ကိုယ့်ဒေသမှာရှိတဲ့ ဆီးချိုရောဂါရှင်၊ သွေးတိုးရောဂါရှင်၊ Non-communicable Disease နဲ့ပတ်သက်တဲ့ လူနာတွေကို သူတို့ရဲ့ လိုအပ်တဲ့ ကုသမှုကို စဉ်ဆက်မပြတ် ရရှိအောင် အစိုးရဆေးရုံ၊ ဆေးခန်းတွေကလည်း ဆောင်ရွက်ပေးပါ။ လိုအပ်တယ်ဆိုရင် ပြင်ပ ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းတွေနဲ့ ဆက်သွယ်ပြီး ညှိနှိုင်းဆောင်ရွက်ပေးသွားဖို့ လိုအပ်ပါတယ်။

 

ဒုတိယ သေဆုံးမှု အများဆုံးအချက်က ဆေးရုံကိုအရောက် နောက်ကျတာ ဖြစ်ပါတယ်။ အချို့ဆိုရင် သေဆုံးပြီးမှ ရောက်ရှိလာတာ ဖြစ်ပါတယ်။ အဲဒီလို မဖြစ်အောင်ဆိုရင်တော့ ကျွန်တော်တို့က ပြည်သူလူထုကို ကိုဗစ်ရဲ့ သံသယလက္ခဏာတွေက ဒါတွေပဲ၊ ဒီသံသယ လက္ခဏာတွေ ပေါ်လာတာနဲ့ ဘယ်ဖုန်းနံပါတ်ကို ဆက်ပါ။ ဘယ်ဆေးခန်း၊ ဘယ်ဆေးရုံကိုလာပါ။ ဘယ်သူနဲ့ ဆက်သွယ်ပါဆိုပြီး တိတိကျကျ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား သတင်းအချက်အလက်တွေကို အခုထဲက ဖြန့်ချီထားရမှာ ဖြစ်ပါတယ်။ အဲဒီလို ဖြန့်ချီထားမှသာ Public ကို Communicate လုပ်ထားဖို့ လိုပါတယ်။ ဒီသံသယလက္ခဏာတွေ ပေါ်လာရင် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းတွေ အမြန်ဆုံး ရောက်ရှိလာအောင် ဆောင်ရွက်ခြင်းဖြင့် သေဆုံးမှုကို လျော့ချနိုင်မှာ ဖြစ်ပါတယ်။

 

တခြား တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ အခုလက်ရှိ ဖြစ်ပွားနေတဲ့ ကူးစက်နှုန်းကို လျော့ချဖို့ ကြိုးစားဆောင်ရွက်နေသလို၊ ကပ်ရောဂါကာကွယ်ရေးလုပ်ငန်းတွေကိုလည်း လုပ်နေသလို တစ်ပြိုင်နက်တည်းမှာ ဖြစ်လာနိုင်တဲ့ ကိုဗစ်ကူးစက် ကပ်ရောဂါအတွက်လည်း ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားသင့်ကြောင်း ကျွန်တော်အနေနဲ့ ပြောကြားလိုပါတယ်။ ကျေးဇူးတင်ပါတယ်။

 

ဒေါက်တာသန်းနိုင်စိုး။              အခုလိုမျိုး ပြည့်ပြည့်စုံစုံနဲ့ ရန်ကုန်တိုင်းဒေသကြီးသာမက ကျန်တဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကိုပါ ရန်ကုန်တိုင်းကနေ ရရှိခဲ့တဲ့ အတွေ့အကြုံတွေအပေါ် မူတည်ပြီး မိမိတို့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် မည်သို့မည်ပုံ ပြင်ဆင်ထားသင့်သည်ကို အလေးပေးပြီး ဆွေးနွေးပေးသွားတဲ့ ဆရာကြီးဦးသန်းဝင်းကို အထူးကျေးဇူးတင်ရှိပါတယ်။ ဆက်လက်ပြီး ကျွန်တော် ဆရာကြီးဦးထွန်းညွန့်ဦးကို ဖိတ်ခေါ်လိုပါတယ် ခင်ဗျာ့။

 

ဒေါက်တာထွန်းညွန့်ဦး။            ဒီနေ့ မေးမြန်းထားတဲ့ မေးခွန်းတွေထဲကနေ ကိုဗစ် - ၁၉ ပိုးရဲ့ သွားလာလှုပ်ရှားပုံ၊ ရှင်သန်နေထိုင်မှုကူးစက်ပုံ၊ ပိုးသတ်ဆေး အသုံးပြုတာတွေနဲ့ဆိုင်တဲ့ မေးခွန်း တချို့ကို အရင်ဆုံး ဖြေကြားပေးပါမယ်။

 

တက္ကသိုလ်တွေရဲ့ ဓာတ်ခွဲခန်းတွေမှာ ပြုလုပ်ထားတဲ့ သုတေသနတွေအရ ကိုဗစ် - ၁၉ ပိုးဟာ ပလပ်စတစ်ပစ္စည်းတွေပေါ်မှာ () ရက်ခန့်၊ စက္ကူဂျပ်ဖျာတွေပေါ်မှာ တစ်ရက်ခန့်နဲ့ ကြေးထည်ပစ္စည်း တွေပေါ်မှာ () နာရီခန့် ရှင်သန်နိုင်ကြောင်း သိရပါတယ်။ ဒါပေမယ့် ဒီသုတေသနတွေက စိုထိုင်းဆနဲ့ အပူချိန်ကို ထိန်းညှိထားတဲ့ ဓာတ်ခွဲခန်းတွေမှာ စမ်းသပ်ထားတာဖြစ်လို့ ကာလဒေသအလိုက်တော့ ကွာခြားမှုတွေရှိနိုင်ပါတယ်။

ကိုဗစ် - ၁၉ က နားနဲ့ ဆံပင် စတာတွေကနေ မကူးစက်နိုင်ပါဘူး။ ဒါပေမယ့် ဆံပင်နဲ့ ခန္ဓာကိုယ် ပေါ်ကျနေတဲ့ ဗိုင်းရပ်စ် အမှုန်အမွှားတွေကို လက်နဲ့ထိမိပြီး နှာခေါင်း၊ မျက်လုံး စတာတွေနဲ့ ပွတ်မီရင်၊ လက်နဲ့ ပွတ်မီရင်တော့ ကူးစက်နိုင်ပါတယ်။ သားငါးသီးနှံတွေကို မဆေးကြောမီ မိမိလက်ကို ဆပ်ပြာနဲ့ အရင်သေချာစွာ ဆေးဖို့လိုပါလိမ့်မယ်။

 

ကိုဗစ် - ၁၉ ပိုးဟာ အသက်မရှိတဲ့ အသား၊ ငါး အစိမ်းတွေအပေါ်မှာ မပွားများနိုင်ပါဘူး။ ဒါပေမယ့် အသား၊ ငါးတွေကို အနည်းဆုံး ၇၀ ဒီဂရီဆယ်စီရပ်မှာ ချက်ပြုတ်ပြီး စားသောက်သင့်ပါတယ်။ အပြင်ကနေ ပါလာတဲ့ အဝတ်အစား၊ ပလပ်စတစ်ပစ္စည်း စတာတွေကို ရေ၊ ဆပ်ပြာနဲ့ ဆေးကြောနိုင်ပါတယ်။ US CDC လို့ခေါ်တဲ့ အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်တားဆီးရေး ဗဟိုဌာနကတော့ အွန်လိုင်းမှာ ရောင်းချနေကြတဲ့ Ultra-violet Lamp တွေကို ဝယ်ယူမသုံးစွဲသင့်ကြောင်း အကြံပြုထားပါတယ်။

 

ကိုဗစ် - ၁၉ ပိုး ကူးစက်နိုင်ခြေဟာ ရောဂါပိုးနဲ့ ထိစပ်ချိန် အတိုင်းအတာ၊ ထိတွေ့တဲ့ ပိုးပမာဏနဲ့ အကာအကွယ်ဝတ်ထားခြင်း ရှိ / မရှိ၊ ရောဂါပိုးနဲ့ ထိစပ်မိသူရဲ့ ရောဂါအခံ အခြေအနေ စတာတွေပေါ်မှာ မူတည်နိုင်ပါတယ်။

 

နောက်ဖြေကြားပေးချင်တဲ့ မေးခွန်းတစ်ခုက ကိုဗစ် - ၁၉ ဗိုင်းရပ်စ် ကူးစက်ပြန့်နှံနိုင်တဲ့ အချိန်ကာလနဲ့ ထိတွေ့ကူးစက်ရန်လိုတဲ့ ဗိုင်းရပ်စ် ကောင်ရေတို့နဲ့ ပတ်သက်ပြီး မေးထားတာပါ။ အမေရိကန်နိုင်ငံ မက်ဆာချူးဆက်ပြည်နယ်ရဲ့ တက္ကသိုလ်တစ်ခုမှာ ပြုလုပ်ထားတဲ့ သုတေသနအရ ကိုဗစ် - ၁၉ ပိုးဟာ () မိနစ်ကနေ မိနစ် (၅၀) အတွင်း ကူးစက်ပြန့်နှံနိုင်ပြီး ရောဂါဖြစ်နိုင်ခြေပိုများ ပါတယ်လို့ သိရပါတယ်။

 

ဥပမာ - ရောဂါရှိသူနဲ့ အကာအကွယ် မပါဘဲ တစ်မိနစ်ခန့် စကားပြောရာက ဗိုင်းရပ်စ်အမှုန် ရာနဲ့ချီပြီး ထုတ်လွှင့်နေမှာ ဖြစ်ပါတယ်။ () မိနစ်လောက် စကားပြောရင်တော့ ဗိုင်းရပ်စ်အမှုန် ထောင်နဲ့ချီပြီး ရောက်ရှိသွားနိုင်ပါတယ်။ ပိုးရှိသူရဲ့ ပါးစပ်နဲ့ နှာခေါင်းစည်း Mask မပါဘဲ (၁၀) မိနစ်ကျော် စကားပြောခြင်း၊ အလုံပိတ်အခန်းအတွင်း အတူနေထိုင် ပြောဆိုခြင်း စတာတွေဟာ ရောဂါပိုး ကူးစက်နှုန်းကို ပိုမြင့်စေနိုင်ပါတယ်။

ပိုးရှိသူနဲ့ ထိစပ်ချိန် ပမာဏ တိုတောင်းပြီး တစ်ကိုယ်ရေ အကာအကွယ်ပစ္စည်း အသုံးပြုထားခြင်း၊ တစ်ဦးနဲ့ တစ်ဦး အနည်းဆုံး () ပေအကွာမှ တွေ့ဆုံပြောဆိုခြင်းဖြင့် ကူးစက်နိုင်ခြေ နည်းပါးနိုင်ပါတယ်။ ဒါ့အပြင် တစ်ကိုယ်ရေ အကာအကွယ်ပစ္စည်း အသုံးပြုထားခြင်းဖြင့် ရောဂါပိုးရှိသူကနေ ထွက်လာနိုင်တဲ့ ဗိုင်းရပ်စ်အမှုန်တွေကို ကာကွယ်ပေးနိုင်သလို မိမိထံက ပိုးကိုလည်း တခြားသူစီကို မကူးစက်အောင် ကာကွယ်ပေးနိုင်ပါတယ်။

 

နောက်မေးခွန်း တစ်ခုကတော့ ကိုဗစ် - ၁၉ စစ်ဆေးရေးနဲ့ ပတ်သက်ပြီး မေးထားတာပါ။ ကိုဗစ် - ၁၉ သံသယလူနာနဲ့ ထိတွေ့မှုဖြစ်ပြီး အချိန်ကာလ ဘယ်လောက်ကြာမှ ပိုးတွေ့နိုင်တာလည်း၊ နာရီပိုင်းအတွင်း ထိတွေ့မိသူအား စစ်ဆေးရင် ပိုးတွေ့နိုင်သလားလို့ မေးထားတာပါ။

 

ကိုဗစ် - ၁၉ ပိုးဟာ အလွန်ကူးစက်မြန်ပြီး မိမိမှာ လက္ခဏာမပြဘဲ ကူးစက်ခံနေရနိုင်ပါတယ်။ အတည်ပြုလူနာနဲ့ ထိတွေ့မိတဲ့လူကို နောက်တနေ့မှာ စစ်တဲ့အခါ Positive ဖြစ်နေခြင်းဟာ ယခင် မိမိမှာ ရှိနေပြီးသားပိုးသို့မဟုတ် ထိုလူနာကနေ ကူးစက်ခြင်း နှစ်မျိုးစလုံး ဖြစ်နိုင်ပါတယ်။

 

ဆက်လက်ပြီး အသွားအလာကန့်သတ်မှုပြုလုပ်ထားတဲ့ Quarantine စင်တာတွေနဲ့ ပတ်သက်ပြီး မေးထားတဲ့ မေးခွန်းတချို့ကို ဆွေးနွေးပါမယ်။ ကျွန်တော်တို့ နိုင်ငံဟာ ကိုဗစ် - ၁၉ စတင်ဖြစ်ပွား ချိန်မှာ အတည်ပြုလူနာနဲ့ ထိတွေ့သူတွေကို စုံစမ်းဖော်ထုတ်ခြင်း၊ သတင်းပေးပို့ခြင်း၊ အသွားအလာ ကန့်သတ်ခြင်းစတဲ့ Containment Strategy ကို သေချာလုပ်နိုင်ခဲ့ပါတယ်။

 

နယ်စပ်ဝင်ထွက်ပေါက်တွေ၊ လေဆိပ်ဝင်ထွက်ပေါက်တွေမှာ သေချာစစ်ဆေးနိုင်ခဲ့ပါတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနစတဲ့ နှီးနွယ်ဌာနတွေ စေတနာ့ဝန်ထမ်းတွေနဲ့ ပြည်သူတွေ လက်တွဲပြီး တက်ညီလက်ညီ ဆောင်ရွက်ခဲ့ကြပါတယ်။

 

ဒီတစ်ကြိမ်မှာတော့ ကျွန်တော်လည်း  စက်တင်ဘာလ ၁၅ ရက်နေ့ကစပြီး () ပတ်ကျော်လောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့နဲ့အတူ ရန်ကုန်မြို့မှာ ရှိနေခဲ့ပါတယ်။ အဲဒီမှာ Hotel နဲ့ Facility Quarantine တွေ၊ Community Base  Facility Quarantine တွေ အပြင် Community Quarantine Center တွေကို စက်တင်ဘာ ၁၇ ရက် နေ့လောက်ကစပြီး ရန်ကုန်တိုင်းဒေသကြီးရဲ့ မြို့နယ်အသီးသီးမှာ  ဖွင့်လှစ်ခဲ့ကြပါတယ်။ အနံ့ပျောက် လူနာတွေထားဖို့ Anosmia Center တွေပါ ဖွင့်ခဲ့ကြတယ်။ Quarantine Center ပေါင်း ၃၄၀ ကျော်နဲ့ Anosmia Center ၇၀ လောက် ရန်ကုန်တိုင်းဒေသကြီးမှာ လက်ရှိဖွင့်လှစ်ထားပါတယ်။

 

အစပိုင်းမှာ အကာအကွယ်ပစ္စည်းရရှိမှုနဲ့ စီမံခန့်ခွဲမှုအပိုင်း အခက်အခဲ တချို့ရှိခဲ့ပေမယ့် အခုနောက်ပိုင်းမှာ Community Quarantine Center နဲ့ Anosmia Center တွေကို စနစ်တကျ ဆောင်ရွက်လာနိုင်ပါတယ်။ မြို့နယ်အသီးသီးမှာ အလှူရှင်တွေ၊ စေတနာ့ဝန်ထမ်းတွေ အများကြီး အားဖြည့်ပေးကြတာကို တွေ့ရပါတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေကို လိုက်နာပြီး နေထိုင်ကြမယ်ဆိုရင် အရင်ကတည်းက ရောဂါပိုးဝင်ရောက်ထားခြင်း မရှိသူတွေအနေနဲ့ Quarantine Center ကနေ ရောဂါကူးစက်ခံရဖို့ အခွင့်အလမ်း အလွန်နည်းပါတယ်။

 

Quarantine Center ကို သွားဖို့လိုလာရင်တော့ မိမိသုံးနေကျ တစ်ကိုယ်ရေသုံးပစ္စည်းတွေ၊ ပုံမှန်သောက်နေကျဆေးဝါးတွေ အထူးသဖြင့် ဆီးချို၊ သွေးတိုးစတဲ့ နာတာရှည်ရောဂါရှိသူတွေ အနေနဲ့ လိုအပ်တဲ့ဆေးဝါးတွေကို အနည်းဆုံးရက် ၃၀ စာနဲ့အထက် လက်ဝယ်ရှိနေအောင် ကြိုတင်စီစဉ် ပြင်ဆင်ထားဖို့ လိုပါလိမ့်မယ်။

 

ဒါ့အပြင် မိမိရပ်ရွာထဲမှာလည်း မဖြစ်မနေ အပြင်ထွက်ဖို့ လိုအပ်လာရင် တစ်ကိုယ်ရေသုံး အကာအကွယ်ပစ္စည်းတွေ စနစ်တကျ ဝတ်ဆင်ထားမယ်ဆိုရင် မိမိကိုယ်တိုင်နဲ့ မိသားစုကို ကာကွယ်နိုင်သလို ကျန်းမာရေးဝန်ထမ်းတွေနဲ့ စေတနာ့ဝန်ထမ်းတွေကိုလည်း ကူညီရာရောက်ပါတယ်။

 

နောက်ဆုံးမေးခွန်းတစ်ခုအနေနဲ့ ဖြေပေးချင်တာက မြန်မာနိုင်ငံမှာ ဒီကပ်ရောဂါကြီး ဘယ် တော့ပြီးမှာလဲ Normal Life ကိုဘယ်တော့ပြန်ရောက်နိုင်မလဲ၊ ကာကွယ်ဆေးပေါ်လာပြီဆိုရင် လူတိုင်း ကာကွယ်ဆေးထိုးဖို့ အချိန်ဘယ်လောက်ကြာမလဲ ဆိုတဲ့ မေးခွန်းတွေပါ။

 

ဟုတ်ကဲ့ပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော်အတွင်းမှာ ကမ္ဘာ့လူသားတွေအနေနဲ့ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ တုပ်ကွေး၊ အီဘိုလာနဲ့ HIV စတဲ့ ကပ်ရောဂါပေါင်း ၁၅ ခုထက်မနည်း ခံစားခဲ့ရပြီး ၁၉၁၈ ခုနစ်မှာဖြစ်ခဲ့တဲ့ စပိန်တုပ်ကွေးကြောင့် ကမ္ဘာ့လူဦးရေ သန်းပေါင်း ၂၀ ကနေ ၄၀ အထိ သေဆုံးခဲ့ရပြီး အဲဒီရောဂါကို ထိန်းချုပ်ဖို့ နှစ်နှစ်ခန့်ကြာမြင့်ခဲ့ပါတယ်။

 

ဒါပေမယ့် ယနေ့ခေတ် နည်းပညာတွေမြင့်မားလာတာကြောင့် ကိုဗစ် - ၁၉ ကပ်ရောဂါကို သေဆုံးမှုအနည်းဆုံးနဲ့ ဒီထက်ပိုစောစော ထိန်းချုပ်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ လက်ရှိ ကမ္ဘာ့နိုင်ငံတွေမှာ ကာကွယ်ဆေးထုတ်လုပ်နေတဲ့ အဖွဲ့အစည်းပေါင်း ၁၀၀ ကျော်ရှိပါတယ်။ အခုလူတွေမှာ စမ်းသပ်တဲ့အဆင့်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။ ကာကွယ်ဆေးရရှိပါက နိုင်ငံတိုင်းမှာရှိတဲ့ လူတိုင်း လက်လှမ်းမီအောင် ဆောင်ရွက်ပေးနိုင်မှာ ဖြစ်ပါတယ်။

 

ကာကွယ်ဆေးတွေ ပေါ်လာပြီး Herd Immunity မရခင်ကာလအထိတော့ ကြိုတင်ပြင်ဆင်ထားဖို့လိုမှာ ဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့လည်း မိမိကိုယ်တိုင်နဲ့ မိမိရဲ့မိသားစု၊ မိမိရပ်ရွာကို ကာကွယ်ဖို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေကို အတိအကျလိုက်နာ နေထိုင်ခြင်းဖြင့် ကပ်ရောဂါတိုက်ဖျက်ရေးမှာ တစ်တပ်တစ်အား ပူးပေါင်းပါဝင်ကြပါလို့ တိုက်တွန်းလိုပါတယ်။ ယခုလို ဆွေးနွေးခွင့်ရတဲ့အတွက်လည်း အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ 

 

ဒေါက်တာသန်းနိုင်စိုး။   ကျေးဇူးအများကြီးတင်ရှိပါတယ် ဆရာကြီးဦးထွန်းညွန့်ဦးခင်ဗျာ။ ဆက်လက်ပြီး ကျန်ရှိတဲ့ မေးခွန်းတွေကိုတော့ ကျွန်တော်ကနေ ဖြေကြားပေးပါမယ်။ မေးခွန်းထဲမှာတော့ အဓိက မေးထားတာက တစ်ဖက်က ကုသရေးအတွက်ကိုလည်း အများကြီး အင်အားတွေ စိုက်ထုတ်ပြီး ကုသပေးနေတာတွေ့ရသလို တစ်ဖက်က ကာကွယ်ရေးအပိုင်းမှာလည်း ဒီထက်ပိုပြီး ဖိဖိစီးစီး ဆောင်ရွက်စေလိုပါတယ်။ ဒီလိုမျိုးကာကွယ်ရေးအပိုင်းကို ဖိဖိစီးစီး ဆောင်ရွက်တာနဲ့အမျှ ခုန ကုသရေးအပိုင်းမှာ ဆရာဝန်တွေ၊ ဆရာမတွေ ပင်ပန်းနေတာကိုလည်း အမြန်ဆုံးလျော့ချနိုင်မှာ ဖြစ်ပါတယ်။ အဲဒီမေးခွန်းတစ်ခုရှိပါတယ်။

 

နောက်တစ်ခုက ရန်ကုန်တိုင်းဒေသကြီးအနေနဲ့ အခုဖြစ်ပွားနေတာတွေက ဘယ်တော့ပြီးမှာပါလဲ။ ရန်ကုန်တိုင်းဒေသကြီးအနေနဲ့ မြန်မြန်ဆန်ဆန် ကျဆင်းသွားမယ်ဆိုရင် ကျန်တဲ့တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကိုလည်း ခုနကဆရာကြီးဦးသန်းဝင်း အမိန့်ရှိသွားသလိုပဲ ဆက်လက်ကူးစက်နိုင်ဖို့ အခွင့်အလမ်း တော်တော်နည်းသွားမယ်။ ဒီမေးခွန်း နှစ်ခုရှိပါတယ်။ အဲဒီ ခုကိုတော့ ကျွန်တော့်အနေနဲ့ ခြုံငုံပြီး ဖြေကြားပေးပါမယ်။

 

ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီးရဲ့ အခြေအနေကို ပြန်ကြည့်လိုက်ရင် Case - 375 စစ်တွေမြို့ကနေ စတင်ပေါ်ပေါက်ခဲ့တဲ့နောက်ပိုင်းမှာ ဆက်တိုက်ဆိုသလိုပဲ ရန်ကုန်တိုင်းဒေသကြီးမှာ Case တွေ တဖြည်းဖြည်း များလာတာကို တွေ့ရပါတယ်။ အများဆုံးအနေနဲ့ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၁၀ ရက်နေ့မှာ ၁၉၈၅ ဦးအထိ တွေ့ရှိခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ၁၁ ရက်နေ့မှာ ပြန်ပြီး ၁၆၀၀ အထိကျဆင်းလာပါတယ်။ အခုနောက်ပိုင်းမှာ ၇၀၀ ၈၀၀ ၁၀၀၀ ပေါ့နော်။ ဒီဟာက တဖြည်းဖြည်းနဲ့ ၁၀၀၀ ပတ်ချာလည်မှာ တန်းနေတာကို တွေ့ရပါတယ်။

 

ဒီရက်ပိုင်းအတွင်း တွေ့ရှိမှုတွေက ၁၀၀၀ ပတ်ချာလည်မှာပဲ တင်းတင်းလေးခံနေတာကို တွေ့ရပါတယ်။ ဒီလိုမျိုးတွေ့နေရတဲ့ အနေအထားကို ကပ်ရောဂါဗေဒရှုထောင့်ကကြည့်ရင် ဒီလိုမျိုး တင်းခံနေတဲ့ အနေအထားကို သိပ်တော့မကြိုက်လှပါဘူး။ တင်းခံနေတဲ့ အနေအထားကနေ မြန်မြန်လေး ဒီထက်ပိုပြီး ကျဆင်းသွားစေချင်ပါတယ်။

ဒီလိုမျိုး ကျဆင်းသွားဖို့ကလည်း ကျွန်တော်တို့က ကပ်ရောဂါဗေဒရှုထောင့်အရပဲ ပြောရမယ်ဆိုရင် ခုနပြောတဲ့  ဖြစ်ပွားမှုတွေ၊ ဆေးရုံတက်ရတဲ့ အနေအထား၊ Quarantine ဝင်ရောက်တဲ့ ဝန်ထမ်းတွေ၊ Case တွေရဲ့ ဖြစ်ပွားမှုတွေ မြင်နေရတယ်ဆိုတာ ဒီကပ်ရောဂါဗေဒရှုထောင့်အရ ရေခဲတုံးကြီး တစ်တုံး ရေထဲမှာမျှောနေတယ်။ ရေခဲတုံးကြီးရဲ့ပေါ်နေတဲ့ ထိပ်ဖျားပိုင်းကို မြင်နေရတယ်။ တကယ်တမ်းရေခဲတုံးကြီးရဲ့ အောက်ပိုင်းမှာ မြှုပ်နေတဲ့အပိုင်းရှိပါတယ်။ အဲဒီမြှုပ်နေတဲ့အပိုင်းက ကြီးလေလေ အပေါ်မှာတက်တဲ့ ဂဏန်းတွေက ထောင်လေလေ ဖြစ်မယ်။ ပြီးတော့ ဒီဂဏန်းတွေကို  ချိုးချဖို့ ခက်မယ်။

 

ဒီမြှုပ်နေတဲ့အပိုင်းက နည်းလာမယ်။ တစ်နည်းအားဖြင့် မြှုပ်နေတဲ့အပိုင်းကို များများဖော်ပြီး များများအရေဖျော်လိုက်ရင် လက်ရှိတင်းခံနေတဲ့ ထောင်ဂဏန်းကလည်း ခဏနဲ့ ကျဆင်းသွားမယ်။ ဒီဟာကို ပြန်ကြည့်တဲ့အခါ ကိန်းဂဏန်း တစ်ခုနဲ့ တစ်ခုမှာ ရာဇဝင်တွေရှိတယ်။ ဖြစ်ပွားမှု တစ်ခုနဲ့ တစ်ခုမှာ လူနာတစ်ဦးချင်းရဲ့ ရောဂါဖြစ်ပွားမှု ရာဇဝင်အရ ရောဂါကို ဘယ်လိုရရှိလာသလဲဆိုတဲ့ ရာဇဝင်တွေရှိပါတယ်။

 

ခုနပြောတဲ့ ဂဏန်းတွေနောက်ကို ပြန်လိုက်ကြည့်တဲ့အခါ ဂဏန်းတွေက သွားပြီးစုနေတာကို တွေ့ရပါတယ်။ တစ်နည်းအားဖြင့် ကပ်ရောဂါဗေဒအရပြောရင် Cluster ပေါ့နော်။ Case တွေ စုစုနဲ့ ဖြစ်နေတဲ့ အနေအထားကို တွေ့ရပါတယ်။

 

တစ်နိုင်ငံလုံးအနှံ့ပြန့်ပြီး အိမ်တိုင်း၊ အိမ်တိုင်း ရောဂါရှိတဲ့သူတွေ ပေါ်ထွက်နေတာ ထက်စာရင် စုစု၊ စုစု လေးတွေပဲ တွေ့နေရတဲ့အနေအထားဆိုပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကလည်း ကျွန်တော် တို့ နိုင်ငံကို Cluster of Cases လို့သတ်မှတ်ထားပါတယ်။ ကျွန်တော်တို့မှာလည်း ခုနကပြောသလို ဖြစ်ပွားနေတဲ့ လူတစ်ယောက်ကို တွေ့ရင်လိုက်တယ်။ လိုက်တဲ့အခါ သူနဲ့ ဆက်စပ်ပြီးထိတွေ့တဲ့ သူတွေက အများကြီး။ တစ်နည်းအားဖြင့် ၃၀ / ၄၀ တချို့ Cluster တွေဆိုရင် ၇၀ / ၈၀ လောက်အထိ တွေ့တာတွေရှိပါတယ်။ Positive တွေ ဆက်တိုက်ဖြစ်သွားတာ။ အဲဒီနေရာတွေကို ပြန်ကြည့်တဲ့အခါ ထပ်ပြီးထူးခြားချက်တွေကို တွေ့ရပါတယ်။

 

အဲဒါက နံပါတ် () ဘာလဲဆိုတော့ ဈေးပါ။ ဈေးတွေကနေ ကူးစက်ခံရတဲ့အရေအတွက် တော်တော်လေးများတာကို တွေ့ရပါတယ်။ နံပါတ် () အရေအတွက်က ဘုန်းတော်ကြီးကျောင်းလို နေရာမျိုးတွေပါ။ ဒီလိုမျိုးနေရာတွေမှာလည်း သွားတွေ့ပါတယ်။ နံပါတ် ()က ဘိုးဘွားရိပ်သာလို နေရာမျိုးတွေမှာလည်း ခုနပြောတဲ့ အစုလိုက်ဖြစ်ပွားမှုလေးတွေ တွေ့ရပါတယ်။

 

နံပါတ် () က အချို့စက်ရုံ၊ အလုပ်ရုံလို နေရာမျိုးတွေမှာလည်း သွားတွေ့တယ်။ ဒီနေရာတွေက လုပ်ငန်းသဘောသဘာဝအရလည်း သူက အစုအဖွဲ့နဲ့ လုပ်နေရတဲ့ သဘာဝရှိတယ်။ အဲဒီတော့ ဒီလို နေရာမျိုးတွေမှာ လုပ်ကိုင်နေတဲ့ မိဘပြည်သူတွေအနေနဲ့ သတိကို အထူးထားပြီး ကာကွယ်ရေးနည်းလမ်းတွေကို လိုက်နာဖို့လိုပါတယ်။

 

အဲဒီတော့ ဈေးကိုသွားမယ်ဆိုရင် မဖြစ်မနေ Mask တပ်ပါ။ ဈေးရောင်းတဲ့ သူတွေကလည်း တပ်ထားပါ။ ဈေးလာဝယ်တဲ့သူ ဘယ်သူ့ဆီမှာရှိမှန်း မသိနိုင်ပါဘူး။ အဲဒီလိုပဲ ဘုန်းတော်ကြီးကျောင်းတို့၊ ဘိုးဘွားရိပ်သာတို့၊ စက်ရုံအလုပ်ရုံတွေမှာလည်း ကာကွယ်ရေးနည်းလမ်းတွေကို အထူးသတိပြု ပြီး လိုက်နာဖို့လိုပါတယ်။

 

ဒီလို လိုက်နာလိုက်ရင် ကူးစက်မှုတွေက သိသိသာသာလျော့ကျသွားမှာ ဖြစ်ပါတယ်။ ဒါတွေကလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အမြဲတမ်းထုတ်ပြန်လျက်ရှိပါတယ်။ Mask တပ်ပါ။ ခပ်ခွာခွာနေပါ။ လက်ကို စက္ကန့် ၂၀ ကြာအောင်ဆေးပါ။ ဒါမှမဟုတ်ရင် လက်သန့်ဆေးရည်ကို ကိုယ်နဲ့ တစ်ပါတည်းဆောင်ထားပြီး အသုံးပြုပေးပါ။ ဒါမျိုးလေးတွေကို အထူးသတိပြုပြီး ဆောင်ရွက်ဖို့ လိုပါတယ်။

 

ခုနကလို စက်ရုံ၊အလုပ်ရုံလို နေရာမျိုးတွေဆိုရင်လည်း ထမင်းအတူတူ မစားမိဖို့။ ထမင်းစားတဲ့အချိန်ကျရင် Mask ချွတ်ရတယ်။ စုပြီးစားကြတယ်။ တစ်ခါတစ်လေ ထွေရာလေးပါး ပြောကြ၊ ဆိုကြတယ်။ အဲဒီအချိန်မှာ အများဆုံးကူးစက်တာကို တွေ့ရပါတယ်။ အားလုံးဝိုင်းဝန်းပြီး ဆောင်ရွက်လိုက်မယ်ဆိုရင် အဓိက တက်စေတဲ့ အကြောင်းတရားတွေ လျော့ကျသွားမှာ ဖြစ်ပါတယ်။ အဲဒီလို လျော့ကျတာနဲ့အမျှ ဒီအပေါ်မှာ တင်းခံနေတဲ့ ကိန်းဂဏန်းတွေသည် အောက်ကို ကျဆင်းလာမှာ ဖြစ်တယ်။

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကလည်း ထုတ်ပြန်ထားပါတယ်။ ဒီအချိန်မှာ ရန်ကုန်တိုင်းဒေသကြီးမှာနေထိုင်တဲ့ မိဘပြည်သူတွေအနေနဲ့ အိမ်မှာပဲ တတ်နိုင်သမျှနေပေးပါ။ မဖြစ်မနေ စားဝတ်နေရေးအရ အပြင်ထွက်ရမယ့်သူတွေကလည်း မိသားစုတိုင်းမှာ ရှိနေပါတယ်။ အိမ်မှာနေတဲ့ လူကတော့ ရှင်းပါတယ်။ ရောဂါပိုးရှိတဲ့သူနဲ့လည်း ထိတွေ့စရာမရှိဘူး။ သူ့ကို ကူးစရာအကြောင်းလည်း မရှိပါဘူး။

 

အဲဒီတော့ အပြင်ထွက်တဲ့သူကလည်း သတိအမြဲတမ်းထားပြီး ကာကွယ်ဖို့ လိုပါတယ်။ ဘာဖြစ် လို့လဲဆိုတော့ သူ့ကို ကူးစက်လိုက်တာနဲ့ အိမ်ကိုပြန်တဲ့အခါ အိမ်က မိသားစုတွေကိုလည်း ကူးစက် ခံရနိုင်တယ်။ အဲဒီလိုနဲ့ တစ်မိသားစုလုံး ကူးစက်မှုတွေရရှိပြီး ဆေးရုံတွေမှာ ကုသမှုခံယူနေရတာလည်း အားလုံးအသိပဲဖြစ်ပါတယ်။

 

လူငယ်ကတော့ အပြင်ထွက်လိုက်တယ်။ ကူးလာတယ်။ အိမ်မှာရှိတဲ့ အသက်အရွယ်ကြီးရင့်တဲ့ သူရှိမယ်။ ဆီးချို၊ သွေးတိုးတို့ ဒီလိုမျိုး နာတာရှည်ရောဂါ အခံရှိတဲ့သူတွေရှိမယ်။ အဲဒီအခါကျရင် သူတို့ရဲ့ သေဆုံးမှုနှုန်းက အရမ်းကို မြင့်မားပါတယ်။ သေဆုံးမှုတွေရဲ့ ၉၀ ရာခိုင်နှုန်းလောက်က ဒီလိုမျိုး ရောဂါအခံရှိတဲ့သူတွေ ဖြစ်ပွားနေတဲ့အခါကျတော့ ဒါဟာလည်း ကျွန်တော်တို့ အထူးသတိပြုရမှာ ဖြစ်ပါတယ်။

 

နောက်တစ်ခုက အပြင်ထွက်တဲ့သူကလည်း Mask ကို မဖြစ်မနေ ဝတ်ဖို့လိုပါတယ်။ စက္ကန့် ၂၀ ကြာအောင် ဆပ်ပြာနဲ့ ရေအသုံးပြုပြီး ဆေးတာတို့၊ ရေမလို လက်သန့်ဆေးရည် ဆောင်ထားပြီး သုံးတာတို့ ဒါမျိုးလုပ်သင့်ပါတယ်။ ဒါတွေသေချာလုပ်ပြီး အိမ်ပြန်ရောက်လာတဲ့အခါမှာလည်း ကိုယ်က အပြင်ထွက်လေ့ထွက်ထရှိတယ်။ နေ့စဉ်အလုပ်လုပ်ရတယ်ဆိုရင် အိမ်မှာရှိတဲ့ သက်ကြီးရွယ်အို မိဘတွေ၊ ရောဂါ အခံရှိတဲ့သူတွေနဲ့ နီးနီးကပ်ကပ် မထိတွေမိဖို့ လိုပါတယ်။

 

အထူးသဖြင့် မျက်နှာချင်းဆိုင် ထမင်းစားတာ ဒါမျိုးတွေကို ရှောင်ကြဉ်ရမှာ ဖြစ်ပါတယ်။ နောက်ပြီး လက်ရှိအနေအထားမှာ အသက်အရွယ်ကြီးရင့်တဲ့သူတွေ၊ ရောဂါအခံရှိသူတွေအနေနဲ့လည်း တတ်နိုင်ရင် အပြင်ထွက်လေ့ထွက်ထရှိတဲ့ သား၊ သမီးတွေနဲ့ ခပ်ခွာခွာနေသင့်ပါတယ်။ ဖြစ်နိုင်ရင် ကိုယ့်ဟာနဲ့ကိုယ် သီးခြားလေးနေသင့်ပါတယ်။

 

တချို့ဆိုရင် ဆရာဝန်သား၊သမီးတွေရှိတဲ့ လူကြီးမိဘတွေလည်း ရှိပါတယ်။ ဆရာဝန်တွေက ဆေးရုံတွေသွားတယ်။ လူနာတွေ ကုသပေးရတယ်။ ပြန်လာတဲ့အခါကျရင်လည်း သူတို့နဲ့ ခပ်ခွာခွာ လူကြီးတွေက မထိတွေ့အောင်နေတယ်။ ဒါမျိုးတွေလေးတွေ ဆောင်ရွက်သင့်ပါတယ်။ အဲဒီလို ဆောင်ရွက်မယ်ဆိုရင် ခုနပြောတဲ့ ကူးစက်မှုကွင်းဆက်တွေက ပြည်သူလူထုကြားထဲမှာ ပြတ်တောက်သွားမှာ ဖြစ်ပါတယ်။

 

အဲဒီတော့ လက်ကျန်တင်းခံနေတဲ့ အပိုင်းတွေကိုလည်း ဒီလိုမျိုး စုပေါင်းအင်အားနဲ့ ဒါကတော့ တစ်ဦးတစ်ယောက်တည်း၊ မိသားစုတစ်ခုတည်းကတော့ ဆောင်ရွက်လို့ မရပါဘူး။ မိသားစုအားလုံး အတူတကွ စုပေါင်းဆောင်ရွက်ဖို့ လိုပါတယ်။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခြင်းသည် ကိုယ့်မိသားစုကို ကာကွယ်ခြင်းဖြစ်သည်၊ ကိုယ့်မိသားစုကို ကာကွယ်ခြင်းကလည်း တခြားမိသားစုကို ကာကွယ်ပေးခြင်း ဖြစ်ပါတယ်။

 

ဒီနေရာမှာ အရေးကြီးတဲ့ အချက်တစ်ခုက မိသားစုတိုင်း၊ မိသားစုတိုင်းမှာ တစ်ဦးတစ်ယောက်ကတော့ အိမ်မှာအချင်းချင်း သတိပေးသင့်ပါတယ်။ အပြင်ထွက်မယ့်သူဆိုရင်လည်း Mask မဖြစ်မနေ တပ်သွားဖို့၊ အပြင်က ပြန်ရောက်တာနဲ့ လက်ဆေးဖို့။ အဝတ်အစားတွေလျှော်ဝတ်ဖို့။ တခြားသက်ကြီးရွယ်အို မိဘတွေ၊ ရောဂါအခံရှိသူတွေနဲ့ မထိတွေ့ဖို့ တစ်ယောက်ကနေ သတိပေးသင့်ပါတယ်။

 

အဲဒီလိုမျိုး မိသားစုဝင်တိုင်းမှာ သတိပေးမယ့်သူ တစ်ယောက်ရှိတယ်ဆိုရင် မိသားစု အချင်း ချင်းရှိတဲ့ သံယောဇဉ်၊ သူငယ်ချင်း၊ မိတ်ဆွေ၊ အပေါင်းအသင်းတွေ အတူနေထိုင်သူတွေရဲ့ ကြားထဲမှာရှိတဲ့ သံယောဇဉ်တွေနဲ့ အချင်းချင်းထိန်းကျောင်းခြင်းအားဖြင့် ရောဂါကူးစက်မှုကွင်းဆက်တွေကို ဖြတ်တောက်နိုင်မှာ ဖြစ်ပါတယ်။

 

ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနရဲ့ Hotline တို့၊ 2019 Call Center ဒီလိုမျိုး နံပါတ်တွေ၊ မိမိရပ်ကွက်အတွင်းမှာရှိတဲ့ အုပ်ချုပ်ရေးမှူး၊ မိမိနဲ့အနီးဆုံး ကိုဗစ် - ၁၉ ကုသရေးဌာနရဲ့ ဖုန်းနံပါတ်တွေ ဒါတွေကိုလည်း ဖြစ်နိုင်ရင် အိမ်တိုင်း၊ မိသားစုတိုင်းမှာ ဆောင်ထားစေလိုပါတယ်။

 

အရေးအကြောင်းဖြစ်လာတဲ့အခါ ကိုဗစ်ရဲ့ လက္ခဏာတွေ၊ အနံ့အရသာပျောက်တာတို့၊ အသက်ရှုရခက်ခဲတာတို့၊ ဖျားတာတို့ ဒီလိုမျိုး လက္ခဏာတွေ ပေါင်းစုံလာတဲ့အခါ ဒါမှမဟုတ်ရင်လည်း ကိုယ်နဲ့အနီးကပ်နေတဲ့ တစ်ယောက်ယောက်က Positive ဖြစ်သွားတယ်ဆိုတဲ့ သတင်းမျိုး ဒါမျိုးကြားခဲ့ရင်လည်း ခုနကပြောတဲ့စင်တာတွေကို ဆက်သွယ်ပြီး အကြံဉာဏ်တွေ ရယူဖို့၊ လမ်းညွှန်မှုတွေရယူဖို့၊ ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်။

 

ဒါဆိုရင် ခုနကျွန်တော်တို့ပြောသလို စောစောပြော၊ စောစောသိ၊ စောစောအကျိုးရှိ ဆိုသလို အမြန်ဆုံးကုသပေးနိုင်တဲ့ စင်တာ၊ ကိုယ့်ရဲ့ အောက်ဆီဂျင် level ကို တိုင်းပေးနိုင်မယ့် အနေအထား၊ လိုအပ်တဲ့သွေးတွေ ဖောက်ပေးနိုင်မယ်၊ ဓာတ်မှန်ရိုက်ပေးတာတို့၊ သွေးပေါင်ချိန်တာတို့ လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ ပေးတာတို့ ဒါတွေကို အမြန်ဆုံးစောစီးစွာ ရရှိတဲ့အခါ သေဆုံးမှုနှုန်းတွေကလည်း သိသိသာသာလျော့ကျနိုင်မှာ ဖြစ်ပါတယ်။

 

အားလုံးလည်းသိတဲ့အတိုင်းပါပဲ သေဆုံးသူအားလုံးရဲ့ ၁၈ ရာခိုင်နှုန်း၊ ၁၉ ရာခိုင်နှုန်းလောက်က သေပြီးမှ ရောက်လာတဲ့အခါ ကျွန်တော်တို့မှာလည်း ဒါတော်တော်ကြီးကို လွန်သွားတဲ့အချိန်ကာလ ဖြစ်ပါတယ်။ ဒါမျိုးတွေလည်း မဖြစ်ရအောင် စောစောစီးစီးရောက်ဖို့ လိုပါတယ်။ အဲဒီအပြင် တစ်ရက်အတွင်းမှာ သေဆုံးတဲ့သူကလည်း တော်တော်များပါတယ်။ ဒီလိုမျိုး ဆေးရုံရောက်ပြီး တစ်ရက်အတွင်းမှာ သေဆုံးတာတို့၊ ဆေးရုံကို သေဆုံးပြီးမှာရောက်တာတို့ ဒါမျိုးမရှိအောင်လည်း ဆက်သွယ်ဆောင်ရွက်ဖို့လိုပါတယ်။

 

ကျွန်တော့်အနေနဲ့ ခုနကမေးခွန်း နှစ်ခုမေးတဲ့မေးခွန်းရှင်တွေကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။ ကျွန်တော်တို့က အဓိကနှစ်ချက် လူစုစု၊ စုစုဖြစ်နိုင်တဲ့ Institution တွေ၊ ဈေးတွေ၊ ဘိုးဘွား ရိပ်သာတွေ၊ စက်ရုံအလုပ်ရုံတွေ ဒီလိုနေရာမျိုးတွေကို အထူးသတိပြုကာကွယ်ခြင်းအားဖြင့် ရောဂါကွင်းဆက်တွေ ဖြတ်တောက်ရင် ဒီဖြစ်ပွားမှုက ကျမှာဖြစ်ပါတယ်။

 

အိမ်တိုင်း၊ မိသားစုတိုင်းက  မိသားစုဝင်တစ်ဦးက အခြားသူတွေကို သတိပေးခြင်း၊ ဒါမျိုးတွေကို ဆောင်ရွက်ပေးရင်လည်း ရောဂါကွင်းဆက်တွေ ပြတ်တောက်ပြီး ကျသွားမှာဖြစ်ပါတယ်။ အဲဒီအပြင် မိသားစုတိုင်းနဲ့ လူတိုင်းရဲ့ ပူးပေါင်းပါဝင်တဲ့ စုပေါင်းအင်အားနဲ့ ဒီရောဂါဖြစ်ပွားနေမှုကို လျော့ကျပြတ်တောက်နိုင်ရုံသာမက ကာကွယ်ဆေး မရရှိခင်အချိန်အထိ ဆက်လက်ဖြစ်ပေါ်လာနိုင်တဲ့ ဒီရောဂါရဲ့ တစ်ကျော့ပြန်ဖြစ်သလို နှစ်ကျော့ပြန်လည်း ဖြစ်လာနိုင်တယ်။ ဒါမျိုးတွေကိုလည်း ကျွန်တော်တို့က ထိရောက်စွာ ကာကွယ်နိုင်မယ့် အကြောင်းတင်ပြလိုပါတယ်။ ကျေးဇူးအများကြီး တင်ရှိပါတယ် ခင်ဗျာ။ ဆရာကြီးတို့အားလုံးကိုရော စီစဉ်ပေးတဲ့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားကိုရော၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူအားလုံးကိုရော ဒီနေရာကနေ အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်ခင်ဗျာ။