တီဟီရန် အောက်တိုဘာ ၄
အီရန်နိုင်ငံ၌ ကိုဗစ်- ၁၉ ကူးစက်မှုများကြောင့် အသွားအလာ ကန့်သတ်မှုများနှင့် ပိတ်ဆို့ကန့်သတ်မှုများအစား စနစ်ကျနသည့် ကန့်သတ်မှုများကို တဖြည်းဖြည်းချင်း အစားထိုးသွားမည်ဟု အီရန် သမ္မတ အီဘရာဟင်ရိုင်စီက အောက်တိုဘာ ၂ ရက်တွင် ပြောသည်။
အီရန်သမ္မတသည် အမျိုးသား ကိုဗစ်-၁၉ကာကွယ်ဆေးထိုးပေးရေး အစည်းအဝေးတွင်ပြောကြားခဲ့ပြီး အသက် ၁၂ နှစ်နှင့်အထက် ကလေးများကို ကာကွယ်ဆေးထိုးပေးရန် ပညာရေးဌာနနှင့် ကျန်းမာရေးဌာနတို့ ပူးပေါင်း ဆောင်ရွက်ကြရန် တောင်းဆိုခဲ့သည်။ ကိုဗစ် - ၁၉ တိုက်ဖျက်ရေး အတွက် တစ်ကိုယ်ရေသန့်ရှင်းမှု အသိကင်းမဲ့ခြင်းသည် အလွန်အန္တရာယ်ကြီးကြောင်းနှင့် ကျန်းမာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို တင်းတင်းကျပ်ကျပ် ချမှတ်သင့်ကြောင်း ၎င်းက ပြောသည်။
ကာကွယ်ဆေးထိုးခြင်းဖြင့် လူများအတွက် အလုံးစုံ စိတ်ချသွားရသည်ဆိုသည့် အတွေးမှာ မှားယွင်းသည့် အယူအဆဖြစ်ကြောင်း ၎င်းက ပြောသည်။ အောက်တိုဘာ ၁ ရက်အထိ အီရန်နိုင်ငံ၌ စုစုပေါင်း ကူးစက်ခံရသူ ၅၆၀၁၅၆၅ ဦးရှိပြီး သေဆုံးသူ အရေအတွက်မှာလည်း ၁၂၀၆၆၃ ဦး ရှိသည်။ ပြီးခဲ့သည့် သီတင်းပတ်များမှစတင်ကာ အီရန်နိုင်ငံတွင် ကိုဗစ် - ၁၉ နောက်ထပ် ကူးစက်မှုနှုန်းနှင့် သေဆုံးမှုနှုန်းမှာ ကျဆင်းလာခဲ့သည်။
ဆင်ဟွာ