ကြို့ပင်ကောက်   ၂   အောက်တိုဘာ

 

ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီထံသို့ အောက်တိုဘာ ၁ ရက် မွန်းလွဲပိုင်းက မြို့နယ်အတွင်းရှိ ဒေသခံအလှူရှင်များက ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ များအား ကုသရာတွင်အသုံးပြုသည့် ကျန်းမာရေးဆိုင်ရာ အထောက်အကူပြု စက်ပစ္စည်းများကို လာရောက် လှူဒါန်းခဲ့သည်။

 

အဆိုပါလှူဒါန်းပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟဇော်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းမြင့်၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာန မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစိုးမြင့်အောင်၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များ၊ အလှူရှင်ဒေသခံများ တက်ရောက်ခဲ့ကြသည်။

 

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူးမှ ကျေးဇူးတင်အဖွင့်အမှာစကားပြောကြားပြီး အလှူရှင်များက လှူဒါန်းသော (ECG)နှလုံးအခြေအနေ စစ်ဆေးသည့်စက်၊ (Aircep Oxygen Concentrator) အောက်စီဂျင်စက်၊ အောက်စီဂျင် ဆလင်ဒါဘူး၊ အသက်ရှူအားကူစက်၊ ဒီဂျစ်တယ်သွေးပေါင်ချိန်တိုင်းစက်၊ သွေးချိုဓါတ်တိုင်းသည့်စက်၊ (SPO2)သွေးထဲရှိအောက်စီဂျင်ရာနှုန်းတိုင်းသည့်စက်တို့နှင့် ဆက်စပ်အသုံးပြုရသည့် ပစ္စည်းများ စုစုပေါင်းတန်ဖိုး ငွေကျပ်(၃၅)သိန်းခန့် ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူကြပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

 

ဇေယျာထွန်း(ကြို့ပင်ကောက်)