နေပြည်တော်   ၂၁  ဧပြီ

 

Coronavirus Disease 2019(COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ Call Center  ကို ဖွင့်လှစ်ထားကြောင်း သိရသည်။

 

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးတွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနတို့ ညှိနှိုင်းမှုဖြင့် ဆက်သွယ်ရေးအော်ပရေတာ (၄) ခု၊ Blue ocean ကုမ္ပဏီတို့ ပူးပေါင်း၍ COVID-19 Call Center အား နံနက် ၈ နာရီမှ ည ၈ နာရီအထိ ရန်ကုန်မြို့၊ ဆေးသုတေသန ဦးစီးဌာနတွင် ဆေးသုတေသနဦးစီးဌာနမှ ဝန်ထမ်း (၄၃)ဦး၊ မြန်မာနိုင်ငံ ဆရာဝန်များအသင်းမှ စေတနာဝန်ထမ်း ဆရာဝန်(၁၇)ဦး၊ စုစုပေါင်း (၆၀)ဖြင့် ဧပြီ ၈ ရက်မှစတင်၍ ဖွင့်လှစ်ထားကြောင်း သိရသည်။

 

သတင်းစဉ်