နေပြည်တော် ၂၁ မေ
ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးတွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနတို့ ညှိနှိုင်းမှုဖြင့် ဆက်သွယ်ရေးအော်ပရေတာ လေးခု၊ Blue Ocean ကုမ္ပဏီတို့ ပူးပေါင်း၍ covD-19 Call Center အား နံနက် ၈ နာရီမှ ည ၈ နာရီအထိ ရန်ကုန်မြို့၊ ဆေးသုတေသနဦးစီးဌာနတွင် ဆေးသုတေသနဦးစီးဌာနမှ ဝန်ထမ်း ၄၃ ဦး၊ မြန်မာနိုင်ငံ ဆရာဝန်များအသင်းမှ စေတနာဝန်ထမ်း ဆရာဝန် ၁၇ ဦး စုစုပေါင်း ၆၀ ဖြင့် ဧပြီ ၈ ရက်မှစတင်၍ ဖွင့်လှစ်ထားကြောင်း သိရသည်။
သတင်းစဉ်