ဒီပဲယင်း  ၂   သြဂုတ်

 

စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့တွင် စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဦးစီးဌာန၊ စက်မှုလယ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ကျော်ကျော် စစ်ကိုင်းတိုင်းဒေသကြီး ဦးစီးမှူး ဦးခင်မောင်ဇင် မြို့နယ် ဦးစီးမှူး ဦးမောင်မောင်လွင်တို့သည် ကြခတ်ကျေးရွာ အဆင့်မြင့် လယ်ယာမြေ ရှင်းလင်းဆောင်တွင် မိုးစပါးကောက်စိုက်စက်ဖြင့် စိုက်ပျိုးမည့်တောင်သူများနှင့် တွေ့ဆုံခဲ့ကြသည်။

 

ဆက်လက်ပြီး ညွှန်ကြားရေးမှူး ဦးအောင်ကျော်ကျော်မှ(CERP) အစီအစဉ်အရ တောင်သူများ မိုးစပါးအချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် မျိုးစပါးများထောက်ပံ့ပေးခြင်း ထွန်ယက်ရေးလုပ်ငန်းနှင့် ကောက်စိုက်စက်ဖြင့် စိုင်ပျိုးခြင်းတို့ကို စက်မှုလယ်ယာဦးစီးဌာနက စက်ကရိယာများဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

 

ကြခတ်ကျေးရွာအုပ်စု ကွင်းအမှတ်(၁၇၄၃)တွင် အဆင့်မြင့် လယ်ယာမြေဧက ၁၈၀ ရှိပြီး တောင်သူ ၃၂ ဦး၏ ဧက ၆၀ ကို ကောက်စိုက်စက်ဖြင့် စိုက်ပျိုးမည်ဖြစ်ရာ တစ်ဧကလျှင် (၆၆၃၀၀) ကျပ် စုစုပေါင်း(၃၉၇၈၀၀၀) ကျပ်ကို နိုင်ငံတော်မှ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

 

သိန်းထွန်း(ဒီပဲယင်း)