နေပြည်တော် ဩဂုတ် ၂၁

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို ပြည်ပမှ တင်သွင်းရာတွင် နှောင့်နှေးကြန့်ကြာမှု မရှိစေရေးအတွက်  အများ ပြည်သူရုံးပိတ်ရက်များတွင်လည်း ပိတ်ရက်မရှိ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ Oxygen Concentrator (၆၀၆)ခု၊ PPE ဝတ်စုံ (၅၀၀) နှင့် ဆိပ်ကမ်းများမှ အောက်ဆီဂျင် (အရည်)အိုး (၁၂) တန်၊ အောက်ဆီဂျင်(အိုးခွံ) (၁၄၄၀) ၊ Oxygen (အရည်) Storage Container/ Tank(၁)ခု၊ Oxygen Generator (၁)လုံး အပါအဝင် မူဆယ်၊ ချင်းရွှေဟော်၊ မြဝတီ ၊ ထီးခီး၊ ကန်ပိုက်တီကုန်သွယ်ရေး စခန်းများမှ အောက်ဆီဂျင်(အရည်) Bowser ယာဉ် (၂)စီးဖြင့် (၃၉) တန်၊ အောက်ဆီဂျင် (အရည်) အိုးဖြင့် (၃၆) တန်၊  Oxygen (အရည်) Storage Container/ Tank (၁)ခု၊ အောက်ဆီဂျင်(အိုးခွံ) (၆၉၀၃)ခု၊ အောက်ဆီဂျင် Plant (၇)ခု၊  လုပ်ငန်းသုံး အောက်ဆီဂျင်စက် (Oxygen Generator) (၆) ခု၊ အိမ်သုံးအောက်ဆီဂျင်စက် (Oxygen Concentrator) (၁၁၁၃) ခု၊ Covid Test Kit (၂၄၀၀၀) ၊ PPE ဝတ်စုံ (၁၁၂၅၀၀)၊ လက်အိတ် (၁၃) တန်နှင့် နှာခေါင်းစည်း(Mask) (၆၇) တန်တင်သွင်းနိုင်ခဲ့သည်။ အထက်ပါပစ္စည်းများအား ကုမ္ပဏီ (၂၉)ခုမှ ယာဉ်စီးရေ(၅၄)စီးဖြင့် တင်သွင်းခဲ့ခြင်းဖြစ်သည်။         

၂၀၂၁ ခုနှစ် ဇူလိုင် (၁) ရက်မှ သြဂုတ်(၂၁)ရက်အထိ ယာဉ်စီးရေ(၁၉၃၇)စီးဖြင့် အောက်ဆီ ဂျင်အရည်(Bowser)ယာဉ်ဖြင့် တန် (၁၉၃၀)၊ အောက်ဆီဂျင်အရည်(အိုးဖြင့်) (၈၇၇)တန်၊ အောက်ဆီဂျင် ဓါတ်ငွေ့(Bowser) ယာဉ်ဖြင့်(၉) တန်၊ အောက်ဆီဂျင်ဓါတ်ငွေ့(အိုးဖြင့်) (၁၈၇) တန်၊ Storage Container (၁၃) ခု၊ အောက်ဆီဂျင် (အရည်) Distributor (၆)ခု၊ အောက်ဆီဂျင်(အိုးခွံ) (၁၈၃၁၅၁)ခု၊ Oxygen Plant (၄၈) ခု၊ ဆေးရုံသုံးအောက်ဆီဂျင်ဖြည့်စက် (၆)ခု၊ အောက်ဆီဂျင် ဖြည့်ကိရိယာ (၂) စုံ၊ Oxygen Generator (၂၈) ခု၊ အိမ်သုံးအောက်ဆီဂျင်စက် (Oxygen Concentrator) (၁၅၂၆၂၅)ခု၊ Test Kit(၅၀၈၆၈၆) ခု၊ PPE ဝတ်စုံ (၈၅၅၄၀၀) ၊ လက်အိတ် (၁၁၃) တန်နှင့် နှာခေါင်းစီး (Mask) (၂၇၁၂) တန် တင်သွင်းခွင့်ပြုခဲ့ပြီးဖြစ်သည်။

၂၀၂၁ ခုနှစ် ဇူလိုင်(၁) ရက်မှ သြဂုတ်(၂၁)ရက်အထိ ပြည်ပမှတင်သွင်းလာသည့် အောက်ဆီ ဂျင်အရည်(Bowser) ယာဉ် စုစုပေါင်း (၉၅) စီးမှာ ရန်ကုန်မြို့သို့ အစီး (၇၀) ၊ မန္တလေးမြို့သို့(၁၅)စီး ၊မော်လမြိုင်မြို့သို့ (၄)စီး ၊ ပဲခူးမြို့သို့ (၂)စီး ၊ သထုံမြို့သို့ (၁)စီး၊ သံဖြူဇရပ် မြို့သို့ (၁) စီး၊ မုံရွာမြို့သို့ (၁) စီး၊ နေပြည်တော်သို့ (၁) စီး ဖြစ်ကြောင်းသိရှိရပါသည်။ Oxygen Plant စုစုပေါင်း (၄၈) ခုမှာရန်ကုန်မြို့သို့ (၁၅) ခု၊ လားရှိုးမြို့ သို့ (၅) ခု ၊ မန္တလေးမြို့ သို့(၅)ခု၊ ပဲခူးမြို့သို့ (၄) ခု ၊ ကျောက်ပန်းတောင်းမြို့(၃)ခု ၊ ပခုက္ကူမြို့သို့ (၂) ခု ၊ ဘားအံမြို့သို့ (၂)ခု၊ မော်လမြိုင်မြို့သို့ (၂)ခု၊ မုံရွာမြို့သို့(၂)ခု၊ တောင်ကြီး၊ သံဖြူဇရပ်၊ မကွေး၊ ထားဝယ်၊ ဝါးခယ်မ၊ မြစ်သား၊ မိုးကောင်းမြို့နှင့် ကျောက်တံခါးမြို့ များသို့ (၁) ခုစီ ဖြစ်ကြောင်း သိရှိရသည်။

ကိုဗစ်-၁၉ကူးစက်ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများ ပြတ်လပ်မှုမရှိ စေရန် အများပြည်သူရုံးပိတ်ရက်များအဖြစ် သတ်မှတ်ကြေညာထားသည့် ဩဂုတ် ၂၃ ရက်မှ ၃၁ ရက် အထိ ရုံးပိတ်ရက်များတွင်လည်း နယ်စပ်ကုန်သွယ်ရေးစခန်းများအနေဖြင့် အလုပ်တာဝန်များ ရပ်ဆိုင်းထားမည် မဟုတ်ဘဲ ပုံမှန်အတိုင်း ပို့ကုန်သွင်းကုန် လုပ်ငန်းများ ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်းနှင့် COVID-19 ကူးစက် ရောဂါကာကွယ်ကုသရေးပစ္စည်းများ တင်သွင်းမှုများကိုလည်း သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေး တင်သွင်းခွင့်ပြုပေး မည်ဖြစ်ပြီး အဆိုပါရက်များတွင် ကုန်သွယ်ရေးဦးစီးဌာန(ရုံးချုပ်) ပို့ကုန်သွင်းကုန် လုပ်ငန်းဌာနခွဲ နှင့် ပို့ကုန်သွင်းကုန်ရုံး (ရန်ကုန်)တို့မှ  အွန်လိုင်းစနစ်ဖြင့် ပို့ကုန်သွင်းကုန် လိုင်စင် လျှောက်ထားမှုများကို လည်း ရုံးချိန်အတွင်း ပုံမှန်အတိုင်း ခွင့်ပြုဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ယနေ့ ရက်နေ့စွဲဖြင့် အသိပေးကြေညာချက် ထုတ်ပြန်ထားကြောင်း သတင်းရရှိသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ် - ၁၉ ကူးစက်ရောဂါ ကာကွယ်ကုသရေးပစ္စည်းများ တင်သွင်းရာတွင် လွယ်ကူမြန်ဆန်စေရေးအတွက် သက်ဆိုင်ရာဌာန များနှင့်ပူးပေါင်းဆောင်ရွက်လျှက်ရှိသလိုအကူအညီလိုအပ်ပါကလည်းသက်ဆိုင်ရာတာဝန်ရှိသူများထံ တိုက်ရိုက်ဆက်သွယ်နိုင်ရေးအတွက် ဌာနများအလိုက် ဆက်သွယ်မေးမြန်းနိုင်သည့် တာဝန်ခံ (Contact Person) များနှင့် အသိပေးကြေညာချက်များကိုလည်းဝန်ကြီးဌာန Website ဖြစ်သည့် Commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေးစီစဉ်ဆောင်ရွက် ပေးထားပါကြောင်း သိရှိရ သည်။

(သတင်းစဉ်)