ကိုဗစ် - ၁၉ ကာကွယ်ဆေး သံဖြူဇရပ်မြို့နယ်တွင် ကျန်းမာရေးဝန်ထမ်းများအား စတင်ထိုးနှံပေး

သံဖြူဇရပ်၊   ၂၇  ဇန်နဝါရီ    

 

မွန်ပြည်နယ်   မော်လမြိုင်ခရိုင်  သံဖြူဇရပ်မြို့နယ်တွင်   ကိုဗစ် - ၁၉  ကာကွယ်ဆေးထိုးနှံခြင်းကို  ယနေ့  နံနက်   ၉  နာရီမှစတင်ကာ  မြို့နယ်ပြည်သူ့ဆေးရုံ  အစည်းအဝေးခန်းမ၌ ကျန်းမာရေးဝန်ထမ်းများအား စတင်ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါ  ကိုဗစ် -  ၁၉  ကာကွယ်ဆေး အစီအစဉ်တွင်  COVISHIGLD  ကာကွယ်ဆေးကို မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး  ဒေါက်တာ မင်းသန့်ဇင်က  ကာကွယ်ဆေး  စတင်ထိုးနှံမှုခံယူပြီးနောက်   မြို့နယ်အတွင်း  ကုသရေးဦးစီးဌာနအောက်ရှိ မြို့နယ်နှင့်တိုက်နယ်ဆေးရုံမှဝန်ထမ်းများ ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန အောက်ရှိ ကျန်းမာရေးဝန်ထမ်းများ ၊ အားကစားနှင့်ကာယပညာဦးစီးဌာနဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်း အဖွဲ့အစည်းဝင်များ    စုစုပေါင်း  (၂၄၀) ကို ဇန်နဝါရီ  ၂၇ ရက်မှ ၂၈  ရက်အထိ  (၂)ရက်တာ ထိုးနှံပေးသွား မည်ဖြစ်ကြောင်း    မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးစီးအရာရှိ(အခြေခံကျန်းမာ) ဒေါက်တာအောင်ထက်ကောင်းထံမှ သိရသည်။

 

အေးအေးသီ(ပြန်/ဆက်)