၂ ဖေဖော်ဝါရီ

 

ဉရောပနိုင်ငံများမှ  ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ထောက်ပံ့ရာတွင် ပူးပေါင်းဆောင်ရွက်ပေးရန် ဂျပန်နိုင်ငံမှ ဥရောပသမဂ္ဂထံ တောင်းဆိုလိုက်သည်။

 

တနင်္လာနေ့ အတွင်းက ဂျပန်နိုင်ငံနှင့် ဉရောပသမဂ္ဂ ခေါင်းဆောင်များသည် ဗီဒီယို ကွန်ဖရင့်ဖြင့် ဆွေးနွေးမှု ပြုလုပ်ခဲ့ကြသည်။

 

ပြီးခဲ့သည့်လ အတွင်းက ဉရောပသမဂ္ဂသည် ကိုဗစ်-၁၉ ကာကွယ်ဆေးများ တင်ပို့မှုအပေါ် ထိန်းချုပ်မှုများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

 

ကာကွယ်ဆေးများကို မည်သည့်နေရာတွင် တင်ပို့သည်ဆိုသည့် အချက်နှင့်  ကြိုတင်ခွင့်ပြုချက် ရယူရန်နှင့် အီးယူမဟုတ်သည့် နေရာသို့ ဈေးကွက်တင်ပို့ခြင်းကို ကြေညာရန် လိုအပ်သည်ဟု ဆိုသည်။

 

အီးယူမှ စီစဉ်ထားသည့် ကာကွယ်ဆေးများသည် ဂျပန်နိုင်ငံသို့ အကျိုးသက်ရောက်စေလိုကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး မိုတီဂီ တိုရှင်း မီတီစုက ပြောကြားခဲ့သည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်