ရန်ကုန်  ၂၆  ဇွန်

 

ကိုဗစ်-၁၉ ကာကွယ်ကုသရေးတွင် ရှေ့တန်းမှပါဝင်၍ positive လူနာများအား ကာကွယ်ကုသပေး နေသော တောင်ဥက္ကလာပအမျိုးသမီးနှင့် ကလေးဆေးရုံသို့  Rotary Club of Yangon က  သန့်ရှင်းရေး လုပ်ငန်းသုံး ဆေးရည်များ၊ စက်ပစ္စည်းများနှင့် အထောက်အကူပြုပစ္စည်းများ လှူဒါန်းပွဲကို  ယနေ့ မွန်းလွဲပိုင်းက   အဆိုပါ ဆေးရုံ၌လှူဒါန်းခဲ့သည်။

 

လှူဒါန်းပွဲတွင် အလှူရှင်များကိုယ်စား Rotary Club of Yangon မှ   ဒေါ်စန္ဒီလွင်၊ ဒေါ်တင်ဥမ္မာထွန်း၊ ဒေါက်တာသန်းဝင်းတို့က ပစ္စည်းများ ပေးအပ်လှူဒါန်းပြီး  တောင်ဥက္ကလာပ အမျိုးသမီးနှင့် ကလေး ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းမော်ဉီးနှင့်  ဆရာဝန် ၊ ဆရာမများ တက်ရောက်၍ လက်ခံရယူသည်။

 

ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းမော်ဉီးက ယခုကဲ့သို့  သန့်ရှင်းမှုနှင့် ပိုးမွှားကင်းစင်ရေး လုပ်ဆောင် ရာတွင် အထူးလိုအပ်သောပစ္စည်းများကို လာရောက်လှူဒါန်းသည့် Rotary Club of Yangon မှ အလှူရှင်များကို  အထူးကျေးဇူးတင်ရှိကြောင်း  ပြောကြားပြီး   ဂုဏ်ပြုမှတ်တမ်းလွှာ   ပေးအပ်သည်။

 

ယနေ့တွင်   Rotary Club of Yangon နှင့် မိတ်ဆွေအပေါင်းအသင်းများက ငွေကျပ် ၁၅၅ သိန်းတန်ဖိုးရှိ သန့်ရှင်းရေးလုပ်ငန်းသုံး ဆေးရည်များ၊ စက်ပစ္စည်းများနှင့် အထောက်အကူပြုပစ္စည်းများကို လှူဒါန်းခဲ့ ကြောင်း သိရသည်။

 

သတင်းစဉ်