ချောင်းဆုံမြို့   ၁၇   ဇွန်

 

၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွင်း Grade – 4 သင်ရိုးသစ်သင်ကြားမည့် မူလတန်းပြဆရာ/ ဆရာ မ များအား ချောင်းဆုံမြို့၊ အထက်တန်းကျောင်းတွင် ဇွန် လ (၁၅)ရက်နေ့ မှ(၂၁)ရက်နေ့အထိ Face to Face စနစ်ဖြင့် သင်တန်းပို့ချ သွားမည်ဖြစ်ကြောင်း သိရသည်။

 

ကိုဗစ်-၁၉  ကာကွယ်ရေးအနေဖြင့် မြို့နယ်ကျန်းမာရေးဌာနနှင့်ပူးပေါင်းပြီး ကျန်းမာရေးဌာန၏ လမ်းညွှန်ချက် နှင့်အညီ သင်တန်းတက်ရောက်ကြသည့် ဆရာ/ ဆရာမများအား အပူချိန်တိုင်းတာခြင်း၊ စာသင်ခန်းမသို့ မဝင်ရောက်မီ လက်ဆေးခြင်း၊ ထိုင်ခုံများကို (၆)ပေအကွာထားရှိခြင်းနှင့် နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်းများကို စနစ်တကျဖြင့် စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။

 

mdn

 

အဆိုပါသင်တန်းသို့ ချောင်းဆုံမြို့နယ်အတွင်းရှိ Grade-4 သင် ရိုးသစ် သင်ကြားကြမည့် မူလတန်းပြ ကျောင်းများမှ ဆရာ/ဆရာမ (၅၇၀)ဦးတက်ရောက်ကြပြီး နည်းပြ (၅၈) ဦးတို့က သင်ကြားပို့ချပေးနေပါသည်။

 

သင်တန်းပို့ချရာ၌ စာသင်ခန်း(၁)ခန်းလျှင် သင်တန်းသား ၂၀ စီနှင့် သင်တန်း ပို့ချမည့်ဆရာမ(၁)ဦးတို့က နည်းလမ်းသစ်များ၊ သင်ကြားရမည့်ပုံစံများနှင့် ဘာသာ(၁၀)ခုကို ဘာသာအလိုက် အချိန်သတ်မှတ်ထားပြီး သင်ကြားပို့ချနေကြောင်း မြို့နယ်ပညာရေး မှူး ဦးခင်လှ၏ ပြောကြားချက်အရ သိရသည်။

 

မွန်ပြည်နယ်ရှိ မြို့နယ် (၁၀) မြို့နယ်၌ Grade-4 သင် ရိုးသစ်သင်တန်းကို Face to Face စနစ်ဖြင့် သင်ကြား ပို့ချလျက်ရှိကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သိရှိရပါသည်။

 

#MRTV