ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် ဗီယက်နမ်နိုင်ငံ သံအမတ်ကြီးနှင့် အလှူရှင်များက အလှူငွေနှင့် ပစ္စည်းများလှူဒါန်း

ရန်ကုန် မေ

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် အလှူငွေနှင့် ကာကွယ်ရေးပစ္စည်းများ လှူဒါန်းမှုကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင် မေ ရက် မွန်းလွဲ နာရီက ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ တက်ရောက်ကြသည်။

 

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြည်သူများ ရောဂါဖြစ်ပွားလာပါက အဆင်သင့်ကုသပေးနိုင်ရေးအတွက် ဖောင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ်တွင် ကျန်းမာရေးစင်တာ ဖွင့်လှစ်ထားရှိပါကြောင်းနှင့် ယခု လှူဒါန်းပစ္စည်းများကို ကျန်းမာရေးစင်တာနှင့် Ouarantine စင်တာများကို ပေးပို့သွားမည်ဖြစ်ကြောင်းနှင့် အလှူရှင်များကို ကျေးဇူးတင်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံ သံအမတ်ကြီး H.E. Mr. Ly Ouoc Tuan ဦးဆောင်သော သံရုံးနှင့် ဗီယက်နမ်နိုင်ငံ လုပ်ငန်းရှင်များမှ အလှူငွေ ၇၅ သိန်းနှင့် နှာခေါင်းစည်း ၇၀၀၀ ခု၊ လက်သန့်ဆေးရည် ပုလင်း ၁၂၀၊ Alcoholic Stoves ခု၊ လျှပ်စစ်ရေနွေးအိုး လုံး၊ ပန်ကာ လုံး၊ ဦးလှဝင်းတင် + ဒေါ်ထွေးမာ (ဝင်းလတ်ဝတီကုမ္ပဏီ)မှ ၁၅၇ သိန်းတန်ဖိုးရှိ ပေါ်ဆန်းမွှေးဆန် (၃၀၀)အိတ်၊ ကုလားပဲခြမ်း ၂၄၀၀ အိတ်၊ ကြက်သွန်နီ ၆၅၀၀ ပိဿာ၊ ဦးစိုးလှိုင် ဦးဆောင်သော လမ်းလျှောက်အဖွဲ့မှ ၁၄၂ သိန်းတန်ဖိုးရှိ အသက်ရှူစက် လုံး၊ UTW (Myanmar) Limited (EY Myanmar)မှ သိန်း ၁၄၀ တန်ဖိုးရှိ လိုအပ်သော ဆေးပစ္စည်းများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူပူဂျာရီ ပုရောဟိတ် ဘုန်းတော်ကြီးကျောင်းများ ဗဟိုအဖွဲ့ချုပ် ဥက္ကဋ္ဌ ဆရာတော် ဦးမောင်မြင့်နှင့်  ဟိန္ဒူဓမ္မအကျိုးတော်ဆောင်အဖွဲ့တို့မှ သိန်း ၆၀ တန်ဖိုးရှိ လိုအပ်သော ဆေးပစ္စည်းများ၊ ဦးဝိုင်းတင် Royal Golden Dagon Co., Ltd မှ သိန်း ၅၀ တန်ဖိုးရှိ လိုအပ်သော ဆေးပစ္စည်းများ၊ ဆရာတော် အရှင်စန္ဒသူရိယအား အမှူးထား၍ Dr. Myo Myo ဥက္ကဋ္ဌ MMPA International Co., Ltd မှ ၃၆ သိန်းတန်ဖိုးရှိ ဆေးရုံသုံး သန့်ရှင်းရေးပစ္စည်းများ၊ ဗိုလ်မင်းဗိုလ် ကုမ္ပဏီမှ ၃၄ သိန်းတန်ဖိုးရှိ ရောဂါကာကွယ်ရေးဝတ်စုံ ၁၀၀ စုံ၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် GTI / GTC မှ ကန်တော့ခံဆရာကြီး၊ ဆရာမကြီးများ၊ ကျောင်းသား၊ ကျောင်းသူဟောင်းများက ရောဂါကာကွယ်ရေးဝတ်စုံ ၂၀ စုံအား လာရောက်လှူဒါန်းရာ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။

 

ဆန်းကျော်ဦး (ပြန် /ဆက်)