ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် သံဖြူဇရပ်မြို့အဝင်နှင့် မြို့တွင်းလမ်းမကြီးတစ်လျှောက် ဆပ်ပြာရေဖြင့် ဆေးကြော

သံဖြူဇရပ်  ၂   ဧပြီ 

ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းကို သံဖြူဇရပ်မြို့နယ်အတွင်း အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မြို့တွင်းလမ်းမကြီးဖြစ်သည့် အောင်ဆန်းလမ်းမကြီးတစ်လျှောက်အား ဆပ်ပြာရေဖြင့်ပက်ဖျန်းပြီး ရေဖြင့်ဆေးကြောသန့်ရှင်းရေးကို ဧပြီ ၁ ရက် ည ၈ နာရီမှ စတင်ကာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ရေသယ်ယာဉ်နှစ်စီးဖြင့် စည်ပင်ဝန်ထမ်းများမှ ဆောင်ရွက်ကြသည်။

လမ်းမကြီးဆပ်ပြာရေဆေးကြောခြင်း ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အင်ဂျင်နီယာ ဉီးလှိုင်ဝင်းမောင်က ကြီးကြပ်ပြီး မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဉီးစိုးမင်းနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များမှ ပူးပေါင်းဆောင်ရွက်ကြကြောင်း သိရသည်။

ကျော်ဝင်း(သံဖြူဇရပ်)