ရန်ကုန် ၂၂ ဇူလိုင်
ရန်ကုန်မြို့ အင်းစိန်ဗဟိုအကျဉ်းထောင်တွင် အကျဉ်းသားများ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် Grand Ruby Mountain Group Co. Ltd မှ Mask များ ယနေ့ နံနက်ပိုင်းက သွားရောက်လှူဒါန်းသည်။
ထို့သို့လှူဒါန်းရာတွင် ရန်ကုန်တိုင်းဒေသကြီး အကျဉ်းဦးစီးဌာန ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးဇော်ဇော်ထံ Grand Ruby Mountain Group Co. Ltd မှ မန်နေဂျင်း ဒါရိုက်တာ ဦးအောင်ကျော်မိုးက Mask များကို ပေးအပ်လှူဒါန်းပြီး ညွှန်ကြားရေးမှူးက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။
ယနေ့ လှူဒါန်းရာတွင် အင်းစိန်ဗဟိုအကျဉ်းထောင်သို့ Grand Ruby Mountain Group Co. Ltdမှ အကျဉ်းထောင်တွင် အကျဉ်းသားများ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ရန်နှင့် ကိုဗစ်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် Mask တစ်သောင်းကို သွားရောက် လှူဒါန်းခဲ့ခြင်း ဖြစ်သည်။
Grand Ruby Mountain Group Co. Ltd သည် ဧပြီလနှင့် မေလအတွင်း ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၊ We Love Yangon အဖွဲ့၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနှင့် အင်းစိန်မြို့နယ်ရှိ ပြည်သူများသို့ ကိုဗစ်-၁၉ ကာကွယ်ရန်အတွက် Mask များလှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံ- မင်းသစ်(MNA)


