နောင်ချို   ၂  အောက်တိုဘာ

 

ကျောက်မဲခရိုင်၊  နောင်ချိုမြို့တွင် ကိုဗစ်-၁၉ ကာလ အခြေခံလူတန်းစားအိမ်ထောင်စု (၁၇၅)စုအတွက် စားသောက်ကုန်များကို ယမန်နေ့ နံနက်ပိုင်းက လှူဒါန်းခဲ့ကြောင်း သိရသည်။

 

လှူဒါန်းရာတွင် နောင်ချိုမြို့နေ ကိုမင်းသူ+မစန္ဒာဝင်း (အောင်သပြေကုန်စုံဆိုင်) မိသားစုက နောင်ချိုမြို့ ပေါ်ရှိ အခြေခံလူတန်းစားအိမ်ထောင်စု(၁၀၀)နှင့် လုပ်လောင်ကျေးရွာရှိ အခြေခံလူတန်းစား အိမ်ထောင်စု(၇၅)စုတို့အတွက် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ၊ အသားတု၊ ကြာဇံ၊ ဆပ်ပြာမှုန့် စသည်တို့ကို ပေးအပ်လှူဒါန်းခဲ့ကြသည်။

 

နောင်ချိုမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ကာလအတွင်း အခြေခံလူတန်းစားအိမ်ထောင်စုများ၏ စားရေးသောက်ရေးအတွက် အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်၍ အလှူရှင်များက စဉ်ဆက်မပြတ် ထောက်ပံ့လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။

 

နောင်ချို ပြန်/ဆက်