mdn

ဝန်းသို ၁၈ အောက်တိုဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်တွင် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေ တိုးပွားလာစေရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာ စီမံကိန်းမတည်ရန်ပုံငွေ ပြန်လည်ထုတ်ချေခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲတွင် ချမ်းမြသီတာကျေးရွာ မြစိမ်းရောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ထုတ်ချေးရာတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ အသိပညာပေး ဟောပြောဆွေးနွေးခြင်းကို စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင့်ဆွေနှင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာတင်လှိုင်ဝင်တို့က ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

 

ဆဋ္ဌမအကြိမ် မြစိမ်းရောင်စီမံကိန်း ချေးငွေထုတ်ချေးရာတွင် စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်ရန် တောင်သူ(၅၁)ဦးကို ကျပ်သိန်း(၂၈၉)သိန်း၊ မွေးမြူရေးလုပ်ငန်းဆောင်ရွက်သူ (၃၁)ဦးကို ကျပ်သိန်း(၁၆၀) စုစုပေါင်း အသင်းဝင်(၈၂)ဦးကို ချေးငွေ (၄၄၉)သိန်းကို ကိုဗစ်-၁၉ ကာလ ကျန်းမာရေးလမ်းညွှန်ချက်နှင့်အညီ ချေးယူသူလက်ဝယ်အရောက် ပြန်လည်ထုတ်ချေးပေးနိုင်ခဲ့ကြောင်း သိရသည်။

 

မွှေးကြူဇင်