ကျွန်းစု    ၂၀   ဇွန်

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ကျွန်းစုမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်များရှိ အသက်(၈၅)နှစ်အထက် အဘိုးအဘွားများအား လူမှုရေးပင်စင်ပင်နှင့် ကိုဗစ်-၁၉ ကာလအတွင်း ထပ်ဆောင်းထောက်ပံ့ငွေများကို ယမန်နေ့ ညနေပိုင်းက အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထောက်ပံ့ပေးရာတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ်အမှတ်(၁) ဦးတိုးလွင်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းတို့မှ မြို့ပေါ်ရပ်ကွက်များရှိ အသက်(၈၅)နှစ်အထက် အဘိုးအဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ ငွေကျပ်(၃၀၀၀၀)နှင့် လူမှုဝန်ထမ်းဦးစီးဌာန၊ အသက်မွေးဝမ်းကျောင်းနှင့် စားနပ်ရိက္ခာဖူလုံရေး ရန်ပုံငွေအဖွဲ့တို့ပူးပေါင်း၍ ကိုဗစ်-၁၉ ကာလအတွင်း ထပ်ဆောင်းထောက်ပံ့ငွေကျပ်(၃၀၀၀၀) စုစုပေါင်းငွေကျပ်(၆၀၀၀၀)တို့ကို အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် ကျွန်းစုမြို့နယ်တွင် အသက်(၈၅)နှစ်အထက် အဘိုးအဘွား စုစုပေါင်း(၃၃၉)ဦး ရှိကြောင်းသိရသည်။

မင်းကျော်စော(ပြန်ဆက်)