မအူပင်၊ ၂၈ ဇန်နဝါရီ
ဧရာ၀တီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ရန်ကုန်မြို့(အောင်ရတနာသင်္ကန်း)တိုက် သီဟသုဓမ္မမဏိဇောတရ ဦးအောင်သန်းစိန် ဇနီးဒေါ်အေးမြင့်သန်း၊ သမီးမစိုးစိုးသန်း မိသားစုက မအူပင်မြို့နယ် အတွင်းရှိ လင်္ကျားကြီးကျေးရွာအုပ်စု ပန်းလှိုင်ခတ္တိယတံတားထိပ်မှ မလက်တိုကျေးရွာ တံတားထိပ် ကားလမ်း ဝဲ/ယာတွင် နေထိုင်သည့် အိမ်ခြေ (၈၀၁)အိမ်၊ မိသားစု (၈၀၁)စုတို့အား (Covid-19)ကာလတွင် အလုပ်အကိုင် အခွင့်အလမ်းပါးရှားသဖြင့် စားဝတ်နေရေးအဆင်ပြေစေရန်၊ တစ်အိမ်ထောင်လျှင် ငွေကျပ် နှစ်သောင်းနှင့် နှစ်ယောက်အိပ် ခြုံစောင်တစ်ထည် လှူဒါန်းခဲ့သည်။
အလှူရှင်များ ဒါနပြုလှူဒါန်းငွေမှာ ကာလတန်ဖိုး စုစုပေါင်း (၁၈၉)သိန်းဖြစ်ကြောင်း သိရသည်။
အောင်မြင့်မြတ်(မအူပင်)


