နေပြည်တော် ၁၁ ဩဂုတ်

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနသည် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ ယခင် MCCT အစီအစဉ် ဆောင်ရွက်လျက်ရှိသော ဒေသများတွင် ပါဝင်ခြင်းမရှိသည့် ပြည်နယ်နှင့် တိုင်းဒေသကြီး(၉)ခုရှိ ကိုယ်ဝန်ဆောင်မိခင်များအား ငွေကြေးထောက်ပံ့မှုအစီအစဉ်နှင့် ပတ်သက်၍ သတင်းမီဒီယာများအား အသိပေးခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ Park Royal Hotel ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။

 

အခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်မိုးက အစီအစဉ်နှင့်ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားသည်။

 

1

 

ယင်းနောက် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လင်းထင်က ကိုဗစ်-၁၉ ကာလအတွင်း နိုင်ငံတစ်ဝန်းရှိ ကိုယ်ဝန်ဆောင်မိခင်များအား “ငွေဗိုက်” Application အသုံးပြု၍ ကိုယ်ဝန်ဆောင် ကိုယ်တိုင်ဖြစ်စေ (သို့မဟုတ်) ကိုယ်စားလှယ်ဖြင့်ဖြစ်စေ ဩဂုတ် ၁၁ ရက်မှ စက်တင်ဘာ ၁၅ ရက်အထိ စာရင်းသွင်းနိုင်ပြီး ထောက်ပံ့ကြေးငွေကျပ် ၃၀၀၀၀ တစ်ကြိမ် ထောက်ပံ့ခြင်းကို ဧရာဝတီဘဏ်၊ က‌မ္ဘောဇဘဏ်၊ Wave Money၊ အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းများနှင့် မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ စက်တင်ဘာ ၂၀ ရက် နောက်ပိုင်းတွင် ထောက်ပံ့ကြေးများ ပေးအပ်သွားမည့်အကြောင်းကို power point ဖြင့် ရှင်းလင်းဆွေးနွေးသည်။ 

 

ဆက်လက်၍ တက်ရောက်လာကြသော သတင်းမီဒီယာများက သိရှိလိုသည်များကို မေးမြန်းကြရာ လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်