ဝေါလေမြိုင်  ၉  ဇွန်

 

ကရင်ပြည်နယ် မြဝတီခရိုင် ဝေါလေမြိုင်မြို့တွင် ကိုဗစ်-၁၉ကာလတွင် အိမ်ခြံဝင်းအတွင်း  Home Gardening စိုက်ပျိုးနိုင်ရန်အတွက် ‌ဝေါလေမြိုင်မြို့ စိုက်ပျိုးရေးဦးစီးဌာနမှ ဟင်းသီးဟင်းရွက် မျိုးစေ့များ၊ မြေဩဇာထုပ်ငယ်များနှင့် အရိပ်ရသီးပင်စားပင်ပျိုးပင်များကို ယနေ့နံနက်ပိုင်းက ဒေသခံ ပြည်သူများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ဖြန့်ဝေပေးခြင်းနှင့် ပတ်သက်၍ ဝေါလေမြိုင်မြို့ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးဝင်းနိုင်ဦးက ကိုဗစ်-၁၉ ကာလတွင် Home Gardening စိုက်ပျိုးနိုင်ရန်အတွက် ဟင်းသီးဟင်းရွက်မျိုးစေ့များ ဖြန့်ဝေပေးခြင်းကြောင့် ဒေသခံပြည်သူများအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်း၍ အာဟာရပြည့်ဝသော ဟင်းသီးဟင်းရွက်များ စားသုံးနိုင်ရန်ရည်ရွယ်၍ ဖြန့်ဝေပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။

 

မြို့နယ် (ပြန်/ဆက်)