ဆော်ပိုလို    အောက်တိုဘာ

ဘရာဇီးနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ကြောင့် ထပ်မံသေဆုံးသူ ၇၂၈ဦးရှိလာမှုနှင့်အတူ စုစုပေါင်း သေဆုံးသူ ၁၄၄၆၈၀ အထိ ရောက်ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အောက်တိုဘာ ၁ ရက်တွင် ပြောကြားလိုက်သည်။

တစ်ချိန်တည်းမှာပင် ကိုဗစ်-၁၉ ထပ်မံ ကူးစက်ခံရသူ ၃၆၁၅၇ ဦး ရှိကြောင်း သတင်းဖော်ပြမှုနှင့်အတူ စုစုပေါင်း နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၄၈၄၇၀၉၂ ဦး ရှိလာကြောင်း အဆိုပါဝန်ကြီးဌာနက ဆက်လက်ထုတ်ပြန် ဖော်ပြထားသည်။

နိုင်ငံအတွင်း လူဦးရေအထူထပ်ဆုံးဖြစ်သည့် ဆော်ပိုလိုမြို့သည် ကိုဗစ်-၁၉ ဒဏ်ကို အဆိုးရွားဆုံး ခံစားရသည့်မြို့ဖြစ်ပြီး ကူးစက်ခံရသူ ၉၉၁၇၂၅ ဦးရှိပြီး သေဆုံးသူ ၃၅၈၀၄ ဦးရှိသည်။ ယင်းနောက် ရီယိုဒီဂျနေးရိုးမြို့တွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၂၆၆၂၃၅ ဦး ရှိပြီး သေဆုံးသူ ၁၈၅၆၇ဦးရှိသည်။

ဘရာဇီးနိုင်ငံသည် ကိုဗစ်-၁၉ ကြောင့် ကမ္ဘာ့သေဆုံးမှု ဒုတိယအများဆုံးနိုင်ငံ တစ်နိုင်ငံဖြစ်ပြီး ကူးစက်မှုတွင် တတိယအများဆုံးနိုင်ငံ ဖြစ်သည်။

ဆင်ဟွာ