ပြည်  ၇ ဇွန်

 

ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအတွက်  စောင့်ကြည့်စခန်းများအဖြစ် အသုံးပြုခဲ့သော ပြည်မြို့နယ်အတွင်းရှိ စာသင်ကျောင်းများကို အခြေခံပညာဦးစီးဌာနသို့ ဇွန် ၁၅ ရက်နေ့တွင် ပြန်လည်အပ်နှံနိုင်ရန် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊  မြို့နယ်ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများနှင့် အရပ်က် ပရဟိတ လူမှုကူညီရေး စေတနာ့ဝန်ထမ်းအဖွဲ့များ ပူးပေါင်းကာ ကျောင်းသန့်ရှင်းရေးနှင့် ရောဂါပိုးမွှား ကင်းစင်ရေး ဆေးဖျန်းခြင်းလုပ်ငန်းများကို ဇွန် ၅ ရက်နေ့မှ  စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါ ကျောင်းသန့်ရှင်းရေးနှင့် ရောဂါပိုးမွှား ကင်းစင်ရေး ဆေးဖျန်းဆောင်ရွက်ခြင်းကို ဇွန် ရက်နေ့တွင် အ-လ-က(ခွဲ) အင်းလျား၊ ကံကြီးကုန်း(မူလွန်) ဝါးရုံဆိပ်(မူလွန်)နှင့် လျော်ထုံး(မူလွန်)တို့၌လည်းကောင်း၊ ဇွန် ရက်နေ့တွင် ကြို့ကောင်းသာ၊ အလိုတော်ရ၊ ကန်ဇွန်းအင်း၊ ဖုတ်ကုန်း၊ အောင်သာယာ၊ ကျောက်ကွင်း၊ ကန်ကျိုး၊ သပြေခုံ၊ လွှစင်၊ အင်တောသာ၊ လယ်ဘဲ့နှင့် ဆီဆုံကုန်းကြီး ကျောင်းတို့တွင်လည်းကောင်း၊ ဇွန် ၇ ရက်နေ့တွင် ထိန်ရုံ၊ သဲကျဲကြီး၊ ညောင်ပင်သာ၊ သပြေပင်အင်း၊ ကံစု၊ အင်းဝင်း၊ ကြောင်လျှာကုန်း၊ ဆင်တဲ၊ ကန်ဘဲ့၊ ဝက်မြေတောနှင့် တဲကြီးကုန်းကျောင်း တို့တွင်လည်းကောင်း စာသင်ခန်းများနှင့် သန့်စင်ခန်းများကို ပူးပေါင်းအဖွဲ့များက သန့်ရှင်းရေးနှင့် ဆေးဖျန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ပြည်မြို့နယ်တွင် ကိုဗစ်-၁၉ စောင့်ကြည့်စခန်းများအဖြစ် အသုံးပြုခဲ့သော အခြေခံပညာကျောင်း စုစုပေါင်း ၅၄ ကျောင်းရှိကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

 

မျိုးကျော်ကြီး(ပြန်/ဆက်)