၁၄ မေ

ကိုဗစ်-၁၉ ကူးစက်ရောဂါသည် မထိန်းချုပ်နိုင်သေးပဲ ရှည်းလျားသည့် အနေအထားတွင် ရှိနေနိုင်သေးသဖြင့်  ရောဂါဖြစ်ပွားမှု အသစ်များကို စစ်ဆေးမှုများကို အကြိမ်ကြိမ် စစ်ဆေးသင့်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိပေးထားသည်။

 

တိုင်းပြည်အများအပြားတွင် ဗိုင်းရပ်စ်နှိမ်နင်းရေးတားမြစ်ချက်များကို ဖြေလျှော့မှုများ ပြုလုပ်ရန်ရှိကြောင်း သတင်းထောက်များကို WHO ၏ကျန်းမာရေးဆိုင်ရာ အရေးပေါ်အစီအစဉ်၏ အမှုဆောင်ဒါရိုက်တာမိုက်ကယ်ရိုင်ယန်က ယနေ့တွင် ပြောကြားခဲ့သည်။

အချို့တိုင်းပြည်များတွင် တွေ့ခဲ့ရသည့် ဗိုင်းရပ်စ်ပိုး အနည်းငယ် ကူးစက်မှုများ ထပ်မံပေါ်ပေါက် လာခြင်းသည် ပြည်သူ့ကျန်းမာရေးလုပ်ဆောင်မှုများ လိုအပ်ချက်ရှိခြင်းကြောင့် ဖြစ်နိုင်ကြောင်း ရိုင်ယန်က မှတ်ချက်ပြုထားသည်။

 

ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးသည် လုံးဝပျောက်ကွယ်မသွားနိုင်ခြင်းများလည်း ဖြစ်နိုင်ပြီး အစုလိုက် အပြုံလိုက် ကူးစက်မှုများလည်း ဖြစ်နိုင်သေးကြောင်း ရိုင်ယန်က  ပြောကြားခဲ့သည်။

 

ကာကွယ်ဆေးများ ထုတ်လုပ်နိုင်ရန်အတွက်လည်း နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု၏ အရေးကြီးကြောင်း ၎င်းက အလေးထားပြောကြားခဲ့သည်။ အိပ်ချ်အိုင်ဗွီဗိုင်းရက်စ် ကူးစက် ရောဂါပိုးမှာလည်း မပျောက်သေးကြောင်း ကုထုံးနှင့် ကြိုတင်ကာကွယ်ရေးနည်းလမ်းများ တွေ့ရှိခဲ့ခြင်းကြောင့် လူများသည် ယခင်ကကဲ့သို့ ကြောက်ရွံ့ခြင်း မရှိကြတော့ကြောင်း ရိုင်ယန်က ထောက်ပြခဲ့သည်။

 

ကမ္ဘာအနှံ့အပြားတွင် ရောဂါကူးစက်မှုနှုန်းမြင့်မား နေဆဲဖြစ်ကြောင်း ရိုင်ယန်က သတိပေးခဲ့သည်။

 

နိုင်ငံများအနေဖြင့် ရောဂါရှာဖွေထောက်လှမ်းခြင်းစနစ်များ  မရှိဘဲ လုပ်ငန်းများ မပြုလုပ် သင့်ကြောင်းနှင့် တိုင်းပြည်များအနေဖြင့် အရှိန်အဟုန်မြင့်ပြီး ပိတ်ထားမှုများ ပြုလုပ်သင့်သေးကြောင်း ၎င်းက ပြောကြားခဲ့သည်။

 

အဆိုပါ အစီအစဉ်မှာ ပြည်သူ့များ ကျန်းမာရေးဘေးကင်းမှုအတွက် သံသယဖြစ်ပွားစေနိုင်ပြီး စီးပွားရေးအတွက် ဘေးအန္တရာယ်လည်း ကျရောက်နိုင်ကြောင်း ရိုင်ယန်က ပြောကြားခဲ့သည်။

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်