နေပြည်တော်၊ ၈ ဒီဇင်ဘာ

 

ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်-၁၉ ကုသရေးစင်တာ(ဖောင်ကြီး)၌ ဆောင်ရွက်နေသော ကိုဗစ်-၁၉ ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် အလှူငွေနှင့် စည်သွပ်ဘူးမျိုးစုံတို့ကို ယနေ့ နံနက် ၁၁ နာရီ၌ အလှူရှင်များက လာရောက်လှူဒါန်းကြသည်။

 

ထိုသို့လှူဒါန်းရာတွင် ပါရမီဖြည့်ဘက် ညီအစ်မများ(နေပြည်တော်)မှ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၏ဇနီး ဒေါက်တာပြုံးမိုအိ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၏ဇနီး ဒေါက်တာခင်သီတာ၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၏ဇနီး ဒေါ်ကျင်သန်းတို့က ငွေကျပ် ၂၁ သိန်း၊ ရွှေဟင်္သာရိပ်မွန်ကုမ္ပဏီလီမိတက်က ငွေကျပ် ၇ သိန်းတန်ဖိုးရှိ အဖွားလက်ရာ စည်သွပ်ဘူးမျိုးစုံ ၄၈၀ နှင့် အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဦးမျိုးဇော်ထွန်း မိသားစုက Save Our Heroes T-Shirt အထည် ၅၀ တို့ကို ပေးအပ်လှူဒါန်းရာ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်နှင့် တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

 

ထို့နောက် အလှူရှင်များကိုယ်စား ပါရမီဖြည့်ဘက် ညီအစ်မများ(နေပြည်တော်)မှ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၏ဇနီး ဒေါက်တာပြုံးမိုအိက လှူဒါန်းရခြင်းအကြောင်းကို ရှင်းလင်းပြောကြားပြီး ကိုဗစ်-၁၉ ကုသရေးစင်တာ(ဖောင်ကြီး)မှ ဆေးရုံအုပ်ကြီး ဒေါက်တာကိုကိုနိုင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

 

ထက်လျှံ