မန္တလေး ၁၇ ဇွန်
ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းစဉ်များ၌ တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့ သော မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်အတွင်းရှိ စေတနာ့ ဝန်ထမ်း လူပုဂ္ဂိုလ်များ၊ ပရဟိတ အဖွဲ့အစည်းများအား အမျိုးသားအဆင့် စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်မှ ပေးအပ်ချီးမြှင့်သော ရင်ထိုးတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မန္တလေးမြို့ရှိ လူငယ်သင်တန်းကျောင်းတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
#MRTV


