ခြူးစန္ဒီနွေး - ရေးသားသည်
ကပ်ရောဂါကြောင့် အမေရိကန်တစ်လွှားမှာရှိတဲ့ စက်ရုံတွေ၊ အလုပ်ရုံတွေနဲ့ ဈေးဆိုင်တွေ ပိတ်ထားရတဲ့အတွက် တစ်လတာအတွင်းမှာပဲ အလုပ်နေရာဆုံးရှုံးမှုတွေဟာ အဆမတန် များပြားခဲ့ပါတယ်။ ကမ္ဘာ့စီးပွားရေး အကြီးဆုံးနိုင်ငံလို့ ဆိုရမယ့် အမေရိကန်မှာ ဧပြီလတစ်လတည်းမှာပင် အလုပ်လက်မဲ့ ဖြစ်သွားရတဲ့ အရေအတွက်ဟာ ၂ဝ ဒသမ ၅ သန်း ရှိပါတယ်။
အလုပ်လက်မဲ့နှုန်း ခုန်တက်
မတ်လအတွင်းက အလုပ်လက်မဲ့နှုန်းဟာ ၄ဒသမ ၄ ရာခိုင်နှုန်းသာ ရှိခဲ့ပေမယ့် ဧပြီလကို ရောက်တဲ့အခါမှာတော့ ၁၄ ဒသမ ၇ ရာခိုင်နှုန်း အထိ ခုန်တက်သွားပါတယ်။ ဒီအချက်အလက် တွေအားလုံးဟာ အလုပ်သမားဌာနရဲ့ လစဉ် တင်ပြနေကျ အစီရင်ခံစာအရ သိရတာဖြစ်ပြီး နိုင်ငံတစ်ဝန်း ပိတ်ဆို့ကန့်သတ်မှုတွေ တင်းတင်းကျပ်ကျပ် လုပ်ဆောင်တဲ့ အချိန်က စလို့ ဒီပမာဏဟာ မြင့်တက်သွားတာပဲ ဖြစ်ပါတယ်။ အခုဆိုရင် ကိုဗစ်- ၁၉ ရဲ့ ကူးစက် မှု ဗဟိုချက်မနေရာဟာ အမေရိကန်နိုင်ငံ ဖြစ်နေပြီး မေ ၇ ရက်အထိ သေဆုံးသူပေါင်း ၇၅၀ဝ၀ ရှိနေပါပြီ။ ကူးစက်ခံရသူ အရေအတွက် ကတော့၁ သမ ၂သန်းရှိပါတယ်လို့ ဂျွန်ဟော့ ကင်းတက္ကသိုလ်ရဲ့ ဖော်ပြမှုအရ သိရပါတယ်။ စီးပွားရေးပျက်စီးရမှုကတော့ လျင်လျင်မြန်မြန် ဖြစ်ပေါ်ခဲ့ပြီး ဘယ်သူမှ ထင်မှတ်မထားလောက် အောင်ကို ပျက်စီးဆုံးရှုံးခဲ့ပါတယ်။
ပိုမိုဆိုးရွား
၂၀ဝ၉ ခုနှစ်က ဖြစ်ပေါ်ခဲ့တဲ့ နှစ်နှစ်ကြာ ကမ္ဘာ့စီးပွားရေး အကျပ်အတည်းကာလမှာ ကမ္ဘာ့စီးပွားရေးဟာ အကြီးအကျယ် ထိခိုက် ခံရပြီး အလုပ်လက်မဲ့ဦးရေ ၈ ဒသမ ၆ သန်း အထိ ရှိခဲ့ပါတယ်။ ပြန်လည်နာလန်ထူလာတဲ့ ကာလဖြစ်တဲ့ ၂၀၁၀ ဖေဖော်ဝါရီလနဲ့ ၂၀၂၀ ဖေဖော်ဝါရီလအတွင်း အလုပ်နေရာပေါင်း ၂၃ သန်းကို ပြန်လည်ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ၁၉၃၉ ခုနှစ် နောက်ပိုင်းကစလို့ အမေရိကန် မှာရှိတဲ့ဆောက်လုပ်ရေး၊ ကုန်စည်နဲ့ ထုတ်လုပ်ရေး ကုမ္ပဏီလုပ်ငန်းတွေ တစ်ရှိန်ထိုး ကျဆင်းသွားတာဟာဆိုရင် လွန်ခဲ့တဲ့လက အဆိုးဆုံးလို့ ပြောရမှာပါပဲ။ မတ်လအတွင်းမှာ အလုပ်နေရာဆုံးရှုံးမှုတွေ ပေါ်ပေါက်လာတာ ဟာဆိုရင် အစောပိုင်းကာလအစီရင်ခံ တင်ပြထားတာတွေထက် ပိုပြီးဆိုးရွားပါတယ်။
အလုပ်နေရာ ပြန်ဖန်တီးပေးမယ်
အလုပ်ရုံတွေ၊ လုပ်ငန်းတွေ ပိတ်ထားရတာဟာ မတ်လရဲ့ နောက်ဆုံးနှစ်ပတ်မှာ လုပ်ဆောင်ခဲ့တာဖြစ်ပေမယ့် လူပေါင်း ၈၇၀ဝ၀ဝ ခန့် အလုပ်လက်မဲ့ ဖြစ်ရပါတယ်။ အဓိကလုပ်ငန်းတွေမှာအလုပ်ခန့်ထားနိုင်မှုဟာလည်း သိသိသာသာကြီးကို ကျဆင်းသွားခဲ့ပါတယ်။ အပန်းဖြေလုပ်ငန်းတွေ၊ ခရီးသွားလုပ်ငန်းတွေ ပထမဆုံး ထိခိုက်ရတဲ့ လုပ်ငန်း တွေဖြစ်ခဲ့ပါတယ်။ ပိတ်ဆို့ကန့်သတ်မှုတွေ စတင်တဲ့အခါ ၇ ဒသမ၇သန်းဟာ အလုပ် လက်မဲ့ဖြစ်သွားရပါတယ်။ တချို့သော အလုပ်သမားတွေဟာ အလုပ်ပြုတ်သွားပြီဖြစ်ပေမယ့် အလုပ်သမား စာရင်းထဲမှာ မှားယွင်းထည့်သွင်းမှုတွေလည်း ရှိခဲ့တယ်လို့ အလုပ်သမားရေးဌာနက သတိပြုမိခဲ့ပါတယ်။ အမေရိကန်သမ္မတ ထရမ့်ကတော့ ဒီအလုပ်လက်မဲ့ ပမာဏာဟာ မျှော်လင့်ထားပြီးသားပါ။ ဒီလူတွေအတွက် အလုပ်နေရာဖန်တီးပေးဖို့ ကတိပေးတယ်လို့ မေ ၈ ရက်က ပြောခဲ့ပါတယ်။
အလုပ်လက်မဲ့နှုန်း တိုးလာနိုင်
အခုဆိုရင် အမေရိကန်ဟာ တကယ့်တိုက်ပွဲကြီးကို ဆင်နွှဲနေတာပါပဲ။ ဒီလူတွေ အလုပ်ပြန်ရရမယ်လို့ ထရမ့်က ဖောက်ခ် သတင်းဌာနနဲ့ တွေ့ဆုံစဉ်မှာ ပြောကြားခဲ့ပါတယ်။ ကိုဗစ်- ၁၉ ကပ်ရောဂါဟာ အလုပ်သမားတွေ အားလုံးကို နှိပ်စက်သွားတာ ကတော့အမှန်ပါပဲ။ တချို့သော အလုပ်သမားတွေဟာ အလုပ်ကနေ ထွက်ဖို့ ဖိအားပေးခံရသလို တချို့ကျပြန်တော့လည်း အချိန်ပြည့် အလုပ်ကနေ အချိန်ပိုင်းအလုပ်အဖြစ် ပြောင်းလဲ လုပ်ကိုင်ဖို့ ဖိအားပေးတာကို ခံရပါတယ်။ မတ်လလယ်ကစလို့ အလုပ်လက်မဲ့ ဦးရေဟာ တရိပ်ရိပ်မြင့်တက်လာပြီး ၃၃ ဒသမ ၅ သန်းအထိ ရှိလာပါတယ်။ ဒါဟာ ဘာကို ဖော်ပြနေသလဲဆိုရင် အလုပ်လက်မဲ့နှုန်းဟာ နောက်လည်း ထပ်တိုးလာနိုင်တယ်ဆိုတဲ့ အခြေအနေပါပဲ။
စိုးရိမ်ကြောက်လန့်နေရဆဲ
ဒီအခြေအနေဟာ ကျွန်တော်တို့ တွေးထင်ထားတာထက်ပိုပြီး ဆိုးရွာနေတယ်လို့ စီးပွားရေး ပညာရှင်တစ်ဦးဖြစ်သူ ကို့နာအော့ဖ်က ပြောပါတယ်။ တကယ်လို့များ လူပေါင်းသန်း ၄၀ အလုပ်လက်မဲ့ဖြစ်သွားမယ်ဆိုရင် လုပ် လက်မဲ့နှုန်းဟာ ၂၅ ရာခိုင်နှုန်း ဒါမှမဟုတ် ဒီထက်များချင်လည်း များသွားနိုင်မလား ဆိုပြီး သိချင်နေမိတယ်လို့ သူကဆက်ပြောပါ တယ်။ ဒါဟာ တကယ်ကို ကြောက်စရာကောင်း တဲ့အခြေအနေပါပဲ။ ၁၉၃၀ ပြည့်နှစ် စီးပွားပျက် ကပ်ကာလတွေတုန်းက ဖြစ်ရပ်တွေကို ပြန်မြင် နေရသလိုပဲလို့ နဆော့ဖ်က ပြောပါတယ်။ မတ်လအတွင်းမှာ အမေရိကန်လွှတ်တော်က နေ ဘဏ္ဍာရေး အထောက်အပံ့အဖြစ် အမေရိကန်ဒေါ်လာ ၃ ထရီလီယံ ကူညီပေးဖို့ အတည်ပြုပေးခဲ့ပေမယ့် ကြောက်ရွံ့နေရမှုတွေ ကတော့ ဆက်လက်ရှိနေတုန်းပါပဲ။ ကိုဗစ်- ၁၉ ကပ်ရောဂါကို တားဆီးနှိမ်နင်းနိုင်ရေးအတွက် ကုမ္ပဏီအချို့ကို ပိတ်ထားပြီး အဲဒီကုမ္ပဏီတွေ ပြန်မဖွင့်နိုင်တော့မှာ၊ လုံးဝပျက်သဉ်းသွားမှာကို စိုးရိမ်ကြောက်လန့်နေရမှုတွေကတော့ ရှိနေ တုန်းပါပဲ။
ကနေဒါရဲ့ အလုပ်လက်မဲ့ပြဿနာ
အမေရိကန်လိုပါပဲ။ ကနေဒါနိုင်ငံမှာလည်း လွန်ခဲ့တဲ့ နှစ်လတာကာလအတွင်းမှာ လူဦးရေ သုံးသန်းခန့်ဟာ အလုပ်နေရာ လျှော့ချတဲ့ အထဲမှာ ပါသွားပါတယ်။ အလုပ်လက်မဲ့နှုန်းဟာ ပြီလအတွင်းမှာ ၃ ရာခိုင်နှုန်းရှိတယ်လို့ ကနေဒါအစိုးရက မေ ၈ ရက်မှာ ဖော်ပြခဲ့ ပါတယ်။ ပြည်နယ်အားလုံးမှာ စီးပွားရေး ကျဆင်းရတာဖြစ်ပေမယ့် ကွီဘတ်မှာတော့ ကိုဗစ် - ၁၉ ကူးစက်ခံရမှုန့် လူသေမှုအများ ဆုံးဖြစ်ပြီး လူပေါင်း ၁၀ဝ၀ လည်း အလုပ် လက်မဲ့ဘဝကို ရောက်သွားရပါတယ်။ ကနေဒါ နိုင်ငံရဲ့ အဓိကမြို့သုံးမြို့ဖြစ်တဲ့ တိုရွန်တို၊ မွန်ထရီရယ်နဲ့ ဗန်ကူးဗာမြို့တို့မှာလည်း အလုပ်အကိုင်အနေအထားဟာ သိသိသာသာကြီး ကျဆင်းသွားပါတယ်။ တချို့သော အလုပ်သမားတွေကတော့ ပိတ်ဆို့ကန့်သတ်မှု တွေ ပြုလုပ်ထားတဲ့ကာလအတွင်းမှာ အလုပ် ကနေ ယာယီရပ်စဲ နေရတာသာဖြစ်ပြီး ပိတ်ဆို့ ကန့်သတ်မှုကာလ ပြီးသွားရင်တော့ အလုပ် ပြန်ရနိုင်တယ်လို့ ကနေဒါနိုင်ငံရဲ့ စာရင်း အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။
ကားစက်ရုံလည်ပတ်မှု ရပ်နားခိုင်း
ပြင်သစ်နိုင်ငံမှာဆိုရင်လည်း ကိုဗစ်- ၁၉ ကြောင့် Renault ကားဆက်ရုံကို ပိတ်ထားဖို့ မေ ၇ ရက်မှာ ဆုံးဖြတ်ချက် ချခဲ့ပါတယ်။ ပြင်သစ်နိုင်ငံ မြောက်ပိုင်း ဆန်ဒိုဗန်မှာ တည်ထားတဲ့ ကားစက်ရုံဟာ ပြီ ၂၈ ရက်မှ ထုတ်လုပ်ရေးလုပ်ငန်းတွေ ပြန်စတင်ခဲ့ပြီး လုံလောက်တဲ့ ကာကွယ်မှုတွေ မရသေးဘူးလို့ ဆုံးဖြတ်ချက်ချတာကြောင့် ပြင်သစ်တရားရုံး ကနေ စက်ရုံလည်ပတ်တာကို ရပ်ထားဖို့ အမိန့်ထုတ်ခဲ့တာပါ။ အဲဒီစက်ရုံဟာ မတ် ၁၆ ရက်ကစပြီး ကိုဗစ် - ၁၉ အန္တရာယ်ကြောင့် စက်ရုံလည်ပတ်မှု ရပ်နားထားရတာလည်း ဖြစ်ပါတယ်။အဲဒီစက်ရုံမှာ အလုပ်သမားပေါင်း ၂၀ဝ အလုပ်လုပ်ကိုင်နေကြပါတယ်။
အမေဇုန်ကုမ္ပဏီလည်း စည်းကမ်းတင်းကျပ်
အမေရိကန် အွန်လိုင်ကုန်ပစ္စည်းရောင်း ဝယ်ရေးကုမ္ပဏီကြီးဖြစ်တဲ့ အမေဇုန်ကိုလည်း ပြင်သစ်နိုင်ငံမှာ လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေ စည်းကမ်းတင်းကျပ်ထားဖို့ ဝန်ထမ်းတွေ ဗိုင်းရပ်စ်ကူးစက်နိုင်တဲ့ အခြေအနေတွေကို သုံးသပ်ဖို့ အမိန့်ထုတ်ထားပါတယ်။ ပြင်သစ် နိုင်ငံမှာရှိတဲ့ အမေဇုန်ပစ္စည်းဖြန့်ဖြူးရေးစင်တာ ကိုလည်း မေ ၁၃ ရက်မတိုင်ခင်အထိ ပိတ်ထား မယ်လို့ သိရပါတယ်။ ကမ္ဘာအနှံ့ စက်ရုံ၊ အလုပ်ရုံတွေ၊ လုပ်ငန်းတွေ ပိတ်ထားရတာနဲ့ အမျှ အလုပ်လက်မဲ့ဦးရေ ပိုပိုတိုးပွားလာတာ ကလည်း အမှန်ပါပဲ။
ကိုကား -အေအက်ဖ်ပီ