တမူး  ၁၄  ဇွန်

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ တမူးမြို့မစျေး၊ မိုးမလင်းစျေးနှင့် ယာယီဘောလုံးကွင်း စျေးတို့တွင် ကိုဗစ်-၁၉ ကာကွယ်ရေး ငါးရိက္ခာများစားသုံးပေး ပညာပေးပိုစတာများ စိုက်ထူခြင်း၊ လက်ကမ်းစာဆောင်များ ဖြန့်ဝေခြင်းနှင့် ငါးရစ်၊ ငါးသန်ကာလ တရားမဝင်ငါးဖမ်းဆီးမှုများ (ရှော့တိုက်ခြင်း၊ အဆိပ်ချခြင်း၊ မိုင်းခွဲခြင်း) မရှိစေရေးအတွက် "ငါးသယံဇာတတိုးပွားဖို့ ဝိုင်းဝန်း ထိမ်းသိမ်းကြပါစို့" သတိပေးတားမြစ်ချက်များပါသော ဆိုင်းဘုတ်များကို ကမ္မကြီးအုပ်စု အုပ်ချုပ်ရေးမှူး၏ နေအိမ်ရှေ့တွင် စိုက်ထူခြင်းနှင့် ငါးလုပ်ငန်းဆိုင်ရာ အသိပညာပေး လက်ကမ်း စာဆောင်များကိုလည်း မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးသန်းဌေးနှင့်ဝန်ထမ်းများမှ ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။           

MDN