နယူးဒေလီ ဧပြီ ၃၀
အိန္ဒိယနိုင်ငံတွင် ကိုဗစ် -၁၉ ကူးစက်မှုများ မြင့်မားနေသည့်အတွက် ရောဂါကူးစက်မှုကို ရင်ဆိုင်နိုင်ရန် နိုင်ငံပေါင်း ၄၀ ကျော်မှ အိန္ဒိယကိုအကူအညီများပေးရန် ကမ်းလှမ်းထားသည်ဟု သိရသည်။
အိန္ဒိယနိုင်ငံတွင် ဧပြီ ၂၉ ရက် က ကိုဗစ်-၁၉ နောက်ထပ် ကူးစက်မှုပေါင်း ၃၇၀၀၀၀ ရှိပြီး သေဆုံးသူ ၃၆၀၀ ရှိသည်ဟု သိရသည်။ ဆေးဘက်ဆိုင်ရာသုံး အောက်ဆီဂျင်မှာလည်း မြို့တော်နယူးဒေလီနှင့် အခြားနေရာများတွင် ပြတ်လပ်မှုများရှိသည်ဟု သိရသည်။
ဥရောပ၊ အရှေ့အလယ်ပိုင်းနှင့် အာရှနိုင်ငံများမှ ဆေးဘက်ဆိုင်ရာအကူအညီများနှင့် ဆေးပစ္စည်းကိရိယာများ ပေးအပ်ရန် ကမ်းလှမ်းထားသည်ဟု အိန္ဒိယပြည်ပရေးရာဌာနက ပြောသည်။ ဧပြီ ၃၀ ရက်တွင် အမေရိကန်မှ ပေးပို့သည့် အောက်ဆီဂျင်ထုတ်လုပ်သည့် ကိရိယာနှင့် အခြားထောက်ပံ့ရေး ပစ္စည်းများ ရောက်ရှိမည်ဟု သိရသည်။ အသက်ရှူ အထောက်အကူပြုကိရိယာများကိုလည်း ဗြိတိန်နှင့် ရုရှားနိုင်ငံတို့က ပေးပို့ပေးမည်ဟု သိရသည်။
ရမ်ဒီဆီဗာနှင့် အခြားသောဆေးဝါးများ ပြတ်တောက်နေမှုအတွက်လည်း အပြည်ပြည်ဆိုင်ရာက နောက်ထပ် အကူအညီများကို တောင်းခံ ထားသည်။ အိန္ဒိယနိုင်ငံ၏ ကျန်းမာရေးစနစ်ကို အထောက်အကူပြုနိုင်စေရေးအတွက် အကူအညီများပေးရန် ဂျပန်အစိုးရအရာရှိများက စီစဉ်ထားသည်ဟု သိရသည်။
အိန္ဒိယနိုင်ငံကို အသက်ရှူ အထောက်အကူပြု ကိရိယာများ၊ ဆေးဘက်သုံး အောက်ဆီဂျင်ထုတ်ကိရိယာများနှင့် အခြားသော အကူအညီများပေးသွားမည်ဟု သိရသည်။
အင်န်အိတ်ချ်ကေ