ကျောက်ဖြူ   ၅ မေ 

 

ကိုဗစ်-၁၉ ရောဂါ အသိပညာပေးရေးနှင့် သတင်းစုဆောင်း ထုတ်ပြန်ရေး လုပ်ငန်းကော်မတီအဖွဲ့ဝင်များ ပူးပေါင်း၍ ယနေ့ နံနက် ၁၀ နာရီက ကျောက်ဖြူမြို့နယ်၊ အုန်းတောကျေးရွာ၊ ဝက်ဆံကျေးရွာ၊ ပြိုင်းစေ့ကေ ကျေးရွာများသို့ သွားရောက်ကာ လက်ကမ်းစာစောင်၊ နှာခေါင်းစည်း၊ hand gel (လက်သန့်ဆေးရည်) များ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြသည်။

 

ရန်ကုန်-ကျောက်ဖြူ ကားလမ်းပေါ်ရှိ အုန်းတောကျေးရွာ၊ ဝက်ဆံကျေးရွာ၊ ပြိုင်းစေ့ကေ ကျေးရွာများမှ ကျောက်ဖြူမြို့သို့ ဈေးရောင်း၊ ဈေးဝယ်လာရောက်ကြသော ပြည်သူများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ဝေသော အသိပညာပေး လက်ကမ်းစာစောင်များ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ဖြန့်ဝေသော စိတ်ဓာတ်မြှင့်တင်ပေးမှုဆိုင်ရာ ဝန်ဆောင်မှု (Free Call) နံပါတ်များပါ လက်ကမ်းစာစောင်များ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီအဖွဲ့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပညာရေးဌာန၊ ခရိုင်ထွေထွေထွေအုပ်ချုပ်ရေးဌာနတို့ ပူးပေါင်းကာ နှာခေါင်းစည်း (Mask) များ၊ လက်ကမ်းစာစောင်များ၊ hand gel (လက်သန့်ဆေးရည်) များ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြသည်။

 

အဆိုပါအသိပညာပေးရေး အဖွဲ့များသည် သရုပ်ဆောင်များ၊ တေးသံရှင်များ၏  ကိုဗစ်-၁၉ ရောဂါအသိပညာပေး ဓာတ်ပုံနံရံကပ်စာစောင်များ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကြေညာချက်များနှင့် လက်ကို စနစ်တစ်ကျဆေးကြော တတ်အောင်သင်ကြားပြသခြင်း၊ လက်သန့်ဆေးရည်အသုံးပြု၍ လက်ဆေးကြောစေခြင်းစသည့် အသိပညာပေးလုပ်ငန်းများကို  ကျေးရွာနေပြည်သူများ သိရှိလိုက်နာ ဆောင်ရွက်တတ်စေရန် ကျေးရွာ အရောက် အသိပညာပေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

ဖြိုးဝေလင်း(ပြန်/ဆက်)