mdn

ရန်ကုန် ၁၈ အောက်တိုဘာ

 

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ဒုတိယလှိုင်း ပြန်လည်ဖြစ်ပွားချိန်မှစ၍ National COVID-19 Call Center (ဖုန်းနံပါတ် ၂၀၁၉) သို့ ဖုန်းခေါ်ဆိုမေးမြန်းမှု ပြန်လည်မြင့်တက်လာကြောင်း ဆေးသုတေသနဦးစီးဌာန၊ ကူးစက်ရောဂါဗေဒ သုတေသနဌာနခွဲမှ ဒုတိယညွန်ကြားရေးမှူး ဒေါက်တာမျိုးမျိုးမွန်ထံမှ သိရသည်။

 

ကိုဗစ်-၁၉ ရောဂါ ပထမလှိုင်းတုန်းက ခေါ်ဆိုမှုအတော်များခဲ့တယ်။ ဧပြီလမှာ တစ်နေ့ကိုအကြိမ် ၅၅၀ လောက်ခေါ်ဆိုမှု ရှိခဲ့တယ်။ မေလမှာ တစ်နေ့ အကြိမ် ၂၅၀ လောက်ရှိတယ်။ ဇွန်၊ ဇူလိုင်မှာ ခေါ်ဆိုမှုနည်းသွားတယ်။ ကိုဗစ်ဒုတိယလှိုင်းပြန်စတဲ့ ဩဂုတ်လလယ်လောက်ကစပြီး ခေါ်ဆိုမှုပြန်မြင့်တက်လာတယ်။ အခုဆိုရင် တစ်နေ့ကို ပျမ်းမျှ အကြိမ် ၃၀၀ လောက် ဖြေဆိုနေရတယ်။ ဒါက ဆရာဝန်က တိုက်ရိုက်ဖြေတာပါ။ စက်က အလိုအလျောက်ဖြေတာက ဧပြီနဲ့ မေလတွေမှာ တစ်နေ့ကိုပျမ်းမျှ တစ်သိန်းကျော် ဖြေကြားပေးရတယ်။

 

ဒုတိယလှိုင်းမှာ စက်က အလိုအလျောက်ဖြေကြားပေးတာ တစ်နေ့ကို နှစ်သိန်းကျော် ဖြေကြားပေးနေရတယ်။ အခုအနေအထားမှာ ဆရာဝန်က ဖြေကြားပေးတာ တစ်နေ့ ၃၀၀ ကျော်လောက် ရှိနေပါတယ်။ ကိုဗစ်ဒုတိယလှိုင်းမှာ လူတွေရဲ့စိတ်ဝင်စားမှုက ပြန်မြင့်တက်လာတယ်။ ကိုယ်နဲ့ကိုယ့်မိသားစု ပတ်ဝန်းကျင်မှာ တိုက်ရိုက်ခံစား ရတာတွေ များလာတဲ့အတွက် စိုးရိမ်ကြောင့်ကြပြီး မေးလာကြတာတွေရှိလာတယ်ဟု ဆေးသုတေသနဦးစီးဌာန၊ ကူးစက်ရောဂါဗေဒ သုတေသနဌာနခွဲမှ ဒုတိယညွန်ကြားရေးမှူး ဒေါက်တာမျိုးမျိုးမွန်က ပြောသည်။

 

ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်ပြီး မှန်ကန်သည့် သတင်းအချက်အလက်များ အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်စေရန်အတွက် National COVID-19 Call Centerကို ၂၀၂၀ ပြည့်နှစ် ဧပြီ ရက်မှ စတင်ကာ ရန်ကုန်မြို့ ဒဂုံမြို့နယ် ဇီဝကလမ်း အမှတ်()ရှိ ဆေးသုတေသနဦးစီးဌာန(ရုံးချုပ်)တွင် ဖွင့်လှစ်ထားပြီး ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် အများပြည်သူသိရှိလိုသည်များကို ဖြေကြားပေးနေကြောင်း ဆေးသုတေသနဦးစီးဌာနမှ သိရသည်။

 

အဓိကမေးတာက ပထမလှိုင်းတုန်းကတော့ ရောဂါကူးစက်မှုက ကာကွယ်တဲ့နည်းတို့ ရောဂါကူးစက်ပုံနဲ့ ရောဂါလက္ခဏာ အကြောင်းတွေကို အမေးများပါတယ်။ ဒုတိယလှိုင်းမှာတော့ Quarantine နဲ့ဆိုင်တဲ့ကိစ္စတွေ (Quarantine Center)က မေးတဲ့သူတွေရှိသလို အနံ့ပျောက်လို့ ကိုဗစ်နဲ့တူတဲ့ ရောဂါလက္ခဏာ တစ်ခုခုကို ခံစားရလို့ ဘယ်လိုဆက်သွယ် ဆောင်ရွက်ရမလဲ ဘာလုပ်ရမလဲဆိုတာတွေ မေးကြတယ်။ အနံ့ပျောက်လို့ မေးတဲ့သူတွေ များလာတယ်။ ခေါ်ဆိုတဲ့ ဒေသတွေ ပြောရရင် ကိုဗစ်ပထမလှိုင်းတုန်းက ရန်ကုန်နဲ့  ဧရာဝတီက အမေးအများဆုံး ဖြစ်ပါတယ်။ ဒုတိယလှိုင်းမှာ ရန်ကုန်နဲ့ ဧရာဝတီအပြင် ရခိုင်၊ စစ်ကိုင်းနဲ့ မန္တလေးတိုင်းဒေသကြီးက အမေးအများဆုံး ဖြစ်ပါတယ်။ မြို့ပေါ်နဲ့ ကျေးလက်ဒေသမှာ ကျေးလက်က ခေါ်ဆိုမှု ၄၃ ရာခိုင်နှုန်း ရှိပါတယ်။ အလိုအလျောက်ဖြေဆိုတဲ့ စက်မှာလည်း ရခိုင်ဘာသာစကားနဲ့ ဖြေဆိုမှု ထည့်ထားပါတယ်။ ရခိုင်ဒေသကလူတွေအတွက် တော်တော်လေး အဆင်ပြေပါတယ်ဟု ဒေါက်တာမျိုးမျိုးမွန်က ပြောသည်။

 

Call Center သို့ ပြည်သူလူထုမှ မေးမြန်းမှုများပြားသည့်အတွက် ကိုဗစ်-၁၉ နှင့် သက်ဆိုင်သော ပြည်သူလူထုအမေးများနိုင်သည့် ကျန်းမာရေးအသိပညာပေး သတင်းအချက်အလက်များအား စက်မှ အလိုအလျောက် ဖြေကြားခြင်းရှိသလို ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးလိုပါက လိုင်းခွဲနံပါတ်()နှင့်  Quarantine Center  များမှ မေးမြန်းမှုများအတွက် လိုင်းခွဲနံပါတ်()သို့ ခေါ်ဆိုနိုင်ပြီး လူတစ်ဦးလျှင် အချိန် ()မိနစ်ခန့် မေးမြန်းနိုင်ကြောင်း ဆေးသုတေသနဦးစီးဌာနမှ သိရသည်။

 

ပြည်သူလူထုအနေဖြင့် ကိုဗစ်-၁၉ နှင့် ပတ်သက်ပြီး “2019” သို့ ခေါ်ဆိုပြီး လိုင်းခွဲနံပါတ်- တွင် ရောဂါလက္ခဏာများအကြောင်း၊ လိုင်းခွဲနံပါတ်- တွင် ကူးစက်နိုင်သော နည်းလမ်းများအကြောင်း၊ လိုင်းခွဲနံပါတ်- တွင် ကာကွယ်နိုင်သော နည်းလမ်းများအကြောင်း၊ လိုင်းခွဲနံပါတ်- တွင် အသွားအလာ ကန့်သတ်ခြင်းအကြောင်း၊ လိုင်းခွဲနံပါတ်- တွင် နောက်ဆုံးရ ကိုဗစ်-၁၉ ပိုးတွေ့လူနာ အရေအတွက်အကြောင်းတို့အား လိုင်းခွဲနံပါတ် () ခုမှ အလိုအလျောက် စနစ်ဖြင့် ဖြေကြားပေးလျက်ရှိကြောင်း သိရသည်။

 

မင်းသစ်(MNA) ဓာတ်ပုံ-နေလင်း