ပင်လောင်း ဇူလိုင် ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် လိုအပ်သော အောက်ဆီဂျင်စက် ၀ယ်ယူရန် အလှူငွေများကို ဇူလိုင် ၂၃ ရက် နံနက်ပိုင်းတွင် အလှူရှင်များက လာရောက်လှူဒါန်းခဲ့ကြသည်။
အောက်ဆီဂျင်စက်ဝယ်ယူနိုင်ရန်အတွက် ပင်လောင်းမြို့၊ မင်္ဂလာကွက်သစ်ရပ်ကွက်နေ ဦးခွန်လှဆန်း-ဒေါ်နန်းချိုနွယ်ထွန်းမိသားစု(ဧရာသောက်ရေသန့်)က ငွေကျပ် ၁၀ သိန်း၊ ဦးစိုင်းလင်းထွန်း-ဒေါ်လှလှရီမိသားစု(ပွင့်ဝါဆိုင်ကယ်ပြင်ဆိုင်)က ငွေကျပ် တစ်သိန်း၊ ဦးတင်လှ-ဒေါ်ရီ၀င်းမိသားစုက ငွေကျပ် တစ်သိန်း၊ ဒေါ်မူ၊ ဦးခွန်ထွန်း၀င်း-မနွယ်၊ သမီး မူခမ်းဇင်ဦး မိသားစုက ငွေကျပ် တစ်သိန်း၊ ပင်လောင်းမြို့ အနောက်ရပ်ကွက်နေ ဦး၀င်းလှိုင်-ဒေါ်တင်မြင့်မိသားစု(ကောင်းနိုင် ဒိန်ချဉ်ဆိုင်)က ငွေကျပ် တစ်သိန်း၊ ပင်လောင်းစျေးတန်းရပ်ကွက်မှ မပီးပီး ကွမ်းယာဆိုင်က ငွေကျပ် ငါးသောင်းတို့ကို ပင်လောင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ လာရောက်လှူဒါန်းကြ ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)


