ပင်လောင်း ဇူလိုင် ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် လိုအပ်သော အောက်ဆီဂျင်စက် ၀ယ်ယူရန် အလှူငွေများကို ယမန်နေ့မွန်းလွဲပိုင်းတွင် အလှူရှင်များက လာရောက်လှူဒါန်းခဲ့ကြသည်။
အောက်ဆီဂျင်စက် ဝယ်ယူနိုင်ရန်အတွက် ပင်လောင်းမြို့ မင်္ဂလာကွက်သစ်ရပ်ကွက် ဦးအောင်သိန်း + ဒေါ်နန်းဒွတ် မိသားစုမှ ငွေကျပ် ငါးသိန်း၊ ပင်လောင်းမြို့အရှေ့ရပ်ကွက် ဦးစိုင်းမောင်ငယ် + ဒေါ်နန်းရွှေကြာ မိသားစုမှ ငွေကျပ် တစ်သိန်း၊ ပင်လောင်းမြို့ ဘန်းဖယ်ရပ်ကွက် ဒေါ်ကြည်ညွန့်၊ ဒေါ်ခင်စိုးယု မိသားစုမှ ငွေကျပ် ၁၁၀၀၀၀၊ ပင်လောင်းမြို့ စျေးတန်းရပ်ကွက် ဦးအောင်ကျော်ဦး + ဒေါ်ချယ်ရီစိုး မိသားစုမှ ငွေကျပ် တစ်သိန်း၊ ပင်လောင်းမြို့ အနောက်ရပ်ကွက် ဦးစိုင်းမျိုးမြင့်အောင် + ဒေါ်နန်းမချော မိသားစုမှ ငွေကျပ်တစ်သိန်း၊ ပင်လောင်းမြို့အနောက်ရပ်ကွက် ဦးစိုင်းလင်းလင်းထိုက် + ဒေါ်နန်းဝါဝါစိုး မိသားစု (အေးချမ်း မိတ္တူဆိုင်) မှ ငွေကျပ် တစ်သိန်းနှင့် မျက်နှာကာ (၁၀၀) ခု၊ ပင်လောင်းမြို့အနောက်ရပ်ကွက်မှ ဒေါ်နန်းတွံ မိသားစုမှ ငွေကျပ် ၅၀၀၀၀၊ ပင်လောင်းမြို့ စျေးတန်းရပ်ကွက် ဦးအောင်ကျော်ဦး + ဒေါ်ချယ်ရီစိုး မိသားစုမှ ငွေကျပ် တစ်သိန်းတို့ကို ပင်လောင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ လာရောက်လှူဒါန်းကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


